Ep : 1

19.7K 591 76
                                    

Unicode

တောင်ကိုရီးယားရဲ့ဆိပ်ကမ်းမြို့ကြီးလို့တင်စားခေါ်ဝေါ်လေ့ရှိတဲ့Busanမြို့သည် ကမ်းခြေများ၊တောင်များနှင့် ဘု‌ရာကျောင်းများစွာဖြင့် လူသိများပြီး ခရီးသွားတွေ စိတ်ဝင်တစား အပန်းလာဖြေလေ့ရှိသည့် မြို့တစ်မြို့ပင်။
ထိုအထဲတွင် Haeundaeကမ်းခြေဆိုသည်မှာတော့ အကျော်ကြားဆုံးဖြစ်ပြီး တစ်နှစ်ပတ်လုံး
ပွဲတော်တွေနဲ့ စည်းကားလျက်ရှိသည်လေ။
ကမ်းခြေရဲ့ ကောင်းကင်ပြာအောက် မီးရှူးမီးပန်းတွေတဖောင်းဖောင်းဖြင့် တကယ့်ကိုရှုမငြီးစရာ။ လရောင်ထိုးဖောက်နေသော ကြည်ပြာရောင်ပင်လယ်ပြင်မှတစ်စတစ်စပျံ့လွင့်လာခဲ့သည့်လှိုင်းခက်သံနှင့် လေပြေတိုးသံတို့က ကမ်းခြေရဲ့ သာယာနာပျော်ဖွယ်သံစဉ်တစ်ခုဆိုလည်းမမှားတာမို့ အနီးနားရှိအိမ်လေးထဲအထိပါ တိုးဝေ့နေသည်။
မည်မျှကျယ်သလဲဆို ထိုအိမ်လေးထဲရှိ စကားစမြည်ပြောနေကြသော လူကြီးတစ်စုရဲ့အသံတို့ပင် တိုးမပေါက်နိုင်အောင်ထိဖြစ်သည်။

သို့ပေမယ့် ခြားနားစွာပင် အိပ်ခန်းလေးအတွင်းတွင်တော့ အသက်ရှူသံမျှင်းမျှင်းလေးသာ ကြားရသည်လေ။
ဝါကျင့်ကျင့်မာကျုရီမီးအလင်းရောင်အား တွေတွေလေးငေးကြည့်နေသော တစ်ယောက်သောသူ၏မျက်ဝန်းလေးတွေသည် မှိန်ပြပြဖြင့် အရည်လဲ့နေသည်။
အမြဲလိုလို အပြုံးလေးတွေဖောဖောသီသီသုံးတတ်သောသူနှင့် ကွဲပြားစွာ ယခုလိုမျိုး လောကကြီးအားလက်မြှောက်အရှုံးပေးလိုက်ဖို့အထိတွေးမိတယ်ဆို မည်သူကယုံမည်နည်း။
မွေးကတည်းက ဖခင်ဆိုသူကို မမြင်ခဲ့ရသလို အမည်လေးပင်မသိခဲ့တဲ့သူက မိခင်ရှိသည်ဟူသော အသိနဲ့တင် အရာအားလုံးပြည့်စုံသည်ဟု ယူဆထားသည်လေ။
မွေးကတည်းက မိခင်လိုရော ဖခင်လိုတစ်မျိုးဖြင့် ဒုက္ခမျိုးစုံကို ရင်စီးခံကာ စောင့်ရှောက်ခဲ့တဲ့ မိခင်က အခုတော့ သူ့ကိုတစ်ယောက်တည်းထားသွားပြီ။

သူ မေမေ့အခန်းထဲမှာ ဝင်နေပြီး အပြင်မထွက်တာ ယနေ့ဆို တစ်ပတ်ရှိပြီဖြစ်သည်။
အပြင်က လာတွေ့တဲ့ ဧည့်သည်တွေကိုလည်း အဒေါ်ဖြစ်သူကသာ ဒိုင်ခံဧည့်ခံရသည်လေ။
သို့ပေမယ့် ဒီတိုင်းနေလို့လည်း မဖြစ်တော့ပါ
မနက်ဖြန်ဆိုပဲ အဒေါ်ဖြစ်သူနဲ့အတူ Seoulကို လိုက်သွားရမှာဖြစ်သည်။
Jungkookတို့က မချမ်းသာပေမယ့် ဆိုးရွာတဲ့အထဲတော့မပါ။
မေမေက ကမ်းခြေမှာ ပင်လယ်စာရောင်းတယ်၊ သူက ကျောင်းတစ်ဖက်နဲ့မေမေ့ကို ဝင်ကူကာ အသက်မွေးကြပြီး စားနိုင်သောက်နိုင်တော့ရှိသည်။
အဒေါ်ဖြစ်သူကတော့ Seoulမြို့ရှိ ဒိတ်ဒိတ်ကြဲသူဌေးအိမ်ရဲ့ အိမ်တော်ထိန်းလုပ်တာ ကြာပြီဖြစ်သည်။
အခုသူက တစ်ယောက်တည်းဖြစ်ပြီး ဘွဲ့လည်ရပြီဆိုတော့ အတူလိုက်နေပြီး ဟိုမှာပဲ အလုပ်တစ်ခုလုပ်ဖို့ တိုက်တွန်းသည်။ထို့ပြင် မေမေကလည်း သေချာမှာခဲ့သည်မို့ မွေးရပ်မြေလည်းဖြစ်သည် မေမေခေါင်းချခဲ့သည့်နေရာလည်း ဖြစ်သည့် ဒီကမ်းခြေလေးကို စွန့်ခွာရတော့မည်လေ။

I Love U More ( Taekook ) ( Completed )Where stories live. Discover now