Ep : 13 ⚠︎

8K 366 139
                                    

[ This part contains mature contents.So if you're under 18 years old, then be good babies and don't read ]

Unicode

"ဟင်!"

နှစ်လဆိုတဲ့ အချိန်အတွင်းမှာ လူစ်ယောက်ဟာ ဤမျှပြောင်းလဲလာနိုင်သလား မသေချာပေမယ့် ယခုဂျောင်ကုရှေ့တွင် ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်၍ခြေစုံရပ်နေသည့် လူသည် ကင်မ်ထယ်ယောင်းလို့မထင်ရတဲ့ ကင်မ်ထယ်ယောင်းအသစ်။

ယခင်က ခေါင်းမွှေးတွေ ဖွာလန်ကျဲအောင် ချ
ထားသည့်သူက ယခုတွင်မူ ကျယ်ပြန့်သည့် နဖူးအား ဖော်ပြသည့်အလား သေသေပ်သပ် ဖြီးသင်ထားကာ ဆံသားတွေကို ရွှေအိုရောင်လေးတွေအဖြစ်ပြောင်းဆိုးထားသည်မို့ ညိုစိမ့်စိမ့်အသားရည်နဲ့ လိုက်ဖက်လွန်းနေသည်။

ဝတ်ပုံစားပုံကအစ လူကြီးလူကောင်းဆန်ဆန်ပါပဲ။အပေါ်ကုတ်မပါဘဲ အောက်ခံရှပ်အဖြူကို ကြယ်သီးသုံးလုံးအထိ ဖြုတ်ချထားပြီး အင်္ကျီလက်တွေကို တံတောင်အထိ ခေါက်တင်ထားတာမို့ လက်ဖျံသွေးကြောစိမ်းတွေပေါ်နေသည်။
ဟွန့်! ဒါသပ်သပ်ကြွားတာ!

နဂိုကထက် ပိုတွန့်ချိုးနေတဲ့ မျက်ခုံးထူထူတွေ၊တင်းတင်းစေ့ပိတ်ထားသည့် အညိုရောင်ဖျော့နှုတ်ခမ်းတစ်စုံတို့က သူ့ရဲ့ထင်ရှားတဲ့မေးရိုးကြောင့် အင်မတန်ကိုတည်ကြည်နေသည်။အရိုးသားဆုံး ဝင်ခံရရင် ကင်မ်ထယ်ယောင်းဟာ သိပ်ကိုပြီးပြည့်စုံပါသည်။

သူကဘဲကိုယ်ရှိန်ကိုယ်ဝါကြီးလွန်းတာလားမသိ ဂျောင်ကုမှာ ယခုဆို သူ့ရှေ့တွင် ပိုပိုသေးလာသယောင်ထင်ရပြီး ကိုယ်လေးပင် ကျုံ့ထားလိုက်မိသည်။အကြည့်တွေကတော့ ထိုအရိုင်းအစိုင်းမျက်လုံးမှ မခွာခဲ့ပါ။

နှစ်လတိတိမတွေ့ခဲ့ရတဲ့ မျက်နှာနုနုက ဝူယောင်းပို့ပေးတဲ့ ဓာတ်ပုံတွေထဲကအတိုင်း ပြောင်းလဲခြင်းမရှိ။ဒါဆို သူ့ကိုရော အရင်အတိုင်း မုန်းနေတုန်းပဲလား။
ဟက်! မုန်းမုန်း မမုန်းမုန်း သူကဂရုမစိုက်!

မျက်လုံးဝိုင်းလေးဖြင့် ကြောင်ကြည့်နေသည်မို့ သူလည်းဘဲထိုမျက်နှာလေးအား မလွတ်တမ်း ပြန်စိုက်ကြည့်လိုက်ကာ...

"အဟွန်း! ကြည့်လို့ဝပြီလား?"

"ဘယ် ဘယ်သူက ကြည့်လို့လဲ?မင်း ဘာသာ ငါ့မြင်ကွင်းရှေ့ ရောက်လာတာ!"

I Love U More ( Taekook ) ( Completed )Where stories live. Discover now