Ep : 29 [ part - 2 ]

4.7K 271 159
                                    

Unicode

SKY ဆေးရုံကြီးသည် ဆိုးလ်မြို့ရှိအကောင်းဆုံးနဲ့အကြီးဆုံးဆေးရုံထဲက တစ်ခုဖြစ်သည့်အလျောက် အထူးဆောင်သည်လည်း အကောင်းတကာ့ အကောင်းဆုံးလို့ဆိုရပေမည်။‌‌သာမန်တိုက်ခန်းတစ်ခန်းလောက်ကျယ်ဝန်းပြီး facilitiesအပြည့်စုံလည်းရှိသည်မို့ အတော်အဆင်ပြေသည်။

သို့သော်လည်း အကဲပိုလွန်းသူရဲ့ကောင်းမှုကြောင့် ဂျောင်ကုနေရာ အထူးခန်းကမူ အားလုံးထက်ကွဲပြားနေသည်။ပုံမှန်တစ်ယောက်အိပ်လူနာကုတင်က အခုဆိုနှစ်ယောက်အိပ်မျှကျယ်သည်အထိ ပြောင်းလဲလာခဲ့သည်အသုံးအဆောင်တွေကအစ ပိုကောင်းတဲ့ပစ္စည်းတွေကို လဲပစ်တဲ့အထိပင်။ဆေးရုံကြီးရဲ့အုပ်ချုပ်သူဟာ မောင့်သူငယ်ချင်းနမ်ဂျွန်းဖြစ်နေတော့ လုပ်ချင်တိုင်းကိုလုပ်နေတာဖြစ်သည်။

ကုတင်ကျယ်ကြီးထက်တွင် ဂျောင်ကုက ခေါင်းအုံးကိုကျောမှီလို့ ခြေဆင်းထိုင်နေသည်။သမီးလေးကတော့ အအိပ်မက်သူလေးပီပီ နို့စို့ပြီးကတည်းက ပုခက်လေးထဲတွင် အိပ်နေလေရဲ့။သမီး‌လေးဘေးတွင်တော့ ဒီနေ့မှ Parisက ပြန်ရောက်လာကြတဲ့ ဂျီမင်နဲ့ယွန်းဂီတို့ရှိနေသည်။

ယွန်းဂီကတော့ ပြုံးပြုံးကြီးသာ ကြည့်နေပြီး ဂျီမင်ကမူ အိပ်နေသည့်သမီးလေးရဲ့ ပါးဖောင်းလေးတွေကို အသည်းယားစွာတို့ထိတို့ထိလုပ်နေကြသည်။ဂျောင်ကုကတော့ ပြုံးလျက်သာ။

"ကလေးက ထယ်ယောင်းနဲ့‌တူတယ်ရော် !"

"ငါ့လုပ်လို့ ဖြစ်လာတဲ့ ငါ့သမီးက ငါနဲ့မတူလို့ ဘယ်သူနဲ့တူရမှာလဲ?"

"မောင့်!"

ရုတ်တရက်ထွက်ပေါ်လာသည့် အသံကြောင့် အားလုံးရဲ့အကြည့်တွေက ရေချိုးခန်းရှေ့ရှိသူဆီသို့ရောက်သွားသလို့ ဂျောင်ကုသည်လည်း မောင့်အပြောနဲ့ ပုံစံကြောင့် တစ်ချက်မျှအော်လိုက်မိသည်။

ရေချိုးပြီးခါစသူက ခါးစပ်နားတွင် သဘက်အဖြူတစ်ထည်သာ ပတ်ပြီး ရေစိုနေသော ဆံသားတွေကို သုတ်နေတာဖြစ်သည်။ရွှေအိုရောင်
ဆံဖျားလေးတွေကနေ တစ်စက်စက်ကျနေသည့် ရေစက်တွေက မောင့်လည်တိုင်ကစလို့ ခပ်ရေးရေးပေါ်နေသည့် အဆင်း‌ကြောင်းတို့ရှိရာ ဝမ်းဗိုက်ကြွက်သားတွေအထိပင်။ညိုစိမ့်စိမ့်အသားရည်နဲ့မောင့်ပုံစံက အရပ်ရှည်ရှည်နဲ့ အတော်အသင့်ကြည့်ကောင်းတဲ့ခန္တာကိုယ်မှန်း သိသာလှသည်။ထိုခန္ဓာမျိုးက သိပ်မထူးခြားသော်လည်း မောင်မို့လို အရမ်းအရမ်းကို ကြည့်ကောင်းသည်။ထို့ကြောင့် ‌မောင့်ကို အားလုံးက ဝိုင်းကြည့်နေကြသည်မို့ သေးသေးလေးတော့ သဝန်တိုမိသား။

I Love U More ( Taekook ) ( Completed )Where stories live. Discover now