Ep : 16

4.4K 313 147
                                    

Unicode

"ငါ့ပစ္စည်းတွေ ဘာလို့ရွှေ့ရတာလဲ ကင်မ်ထယ်ယောင်း!"

"....."

"မင်းစိတ်ကြိုက် ငါ့ကိုမပြောဘဲ လုပ်တာမဟုတ်ဘူးနော်!"

လူကနုံးနေသည်မို့  ရေမိုးချိုးပြီးတာနဲ့ ထမင်းပင်မစားနိုင်တော့ဘဲ ဂျောင်ကုအိပ်ပျော်သွားသည်။တကျစ်ကျစ်အသံတွေကြောင့် နိုးလာတော့ အိမ်အကူကောင်မလေးတွေက သူ့ပစ္စည်းတွေကိုရွှေ့နေသည်မို့ မေးကြည့်တော့
" အစ်ကိုလေး ခိုင်းလို့ပါ " တဲ့လေ။ဒီအရိုင်းအစိုင်း လူကိုမပြောမဆိုနဲ့ သူစိတ်ကြိုက်ကိုလုပ်နေသည်။

ဘာမှစဉ်းစားမနေတော့ဘဲ အရိုင်းအစိုင်းအခန်းဆီသွားကာ မေးလိုက်ပေမယ့် အရေးမလုပ်ဘဲ လက်ကနာရီကိုသာ ငုံ့ပတ်နေသည်။
ဒီအရိုင်းအစိုင်း လူကိုဘာထင်နေလဲ ?

ဂျောင်ကု အံကိုခပ်တင်းတင်းကြိတ်ကာ အခန်းဝဆီမှ ကုတင်ကြီးနားရှိ အရိုင်းအစိုင်းရှေ့အထိ လျှောက်လာလိုက်ကာ...

"ငါ ပြောနေတယ်လေ ! "

"ကျုပ်နဲ့အတူနေဖို့ ! "

"ကျစ်! လက်မထပ်ခင်အထိ ငါ့ဘာသာ အေးဆေးနေချင်တယ် ကင်မ်ထယ်ယောင်း! မင်း အဲ့လောက်တော့ နားလည်ပေးရင်ကောင်းမယ် !"

စိတ်အတော်ရှုပ်မိသည်။လူက အခြေအနေသိပ်မဟန်တာရော စိတ်ခံစားချက်က ဟိုးအောက်ဆုံးရောက်နေတာကြောင့်ပါ သူ့မှာ ဒီအရိုင်းအစိုင်းနဲ့ရန်ဖက်မဖြစ်ချင်ပါ။ကျစ်တစ်ချက်သပ်ရင်း ကိုယ့်ရဲ့လိုရင်းသာဆိုလိုက်သည်။လူကို မရမကယူလို့ပင်အားမရနိုင်သေး။နေရာတကာလိုက်ချုပ်ချယ်နေတော့တာဖြစ်သည်။သူတို့က ခုထိလက်ထပ်ရေးတာမဟုတ်။

"နားလည်မပေးနိုင်ဘူး! ရှင်းရှင်းပြောရရင် ခင်ဗျားကို ကျုပ်စိတ်မချဘူး!"

သူစိတ်မချလို့လုပ်တာ မှန်သည်။
ဘယ်သူကရော ကိုယ်နဲ့ယူမယ့်သူနဲ့ သူ့ရည်းစားဟောင်းနဲ့အတူရှိနေတဲ့အိမ်မှာ ပျော်ပျော်ကြီးထားရမှာတဲ့လဲ။
အဲ့လိုထားရအောင် ကင်မ်ထယ်ယောင်းက မေတ္တာရှင်ကြီးမှ မဟုတ်တာ..!

ပြီးတော့ သူမနေနိုင်ဘူး။
ဒီလူ့ကို တစ်ခါလောက်ရင်ခွင်တည်းထည့်အိပ်ပြီးကတည်းက သူထိုအရသာကို စွဲစွဲလမ်းလမ်းနှစ်ခြိုက်မိသွားတာ။ဒီလူ့ရဲ့ ခပ်အနွေးနွေးကိုယ်လုံးငယ်လေး သူ့ရင်ခွင်ထဲမှာရှိနေတာကို သူကြိုက်သည်။ဒီလူ့ရဲ့ ခါးသိမ်သိမ်လေးထက် သူ့လက်ဖဝါးကြီးဖြင့် အုပ်မိုးထားတာကို သူကြိုက်သည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now