Ep : 17 [ part - 2 ] ⚠︎

7.4K 344 161
                                    

[ This part contains mature contents.So if you're under 18 years old, then be good babies and don't read ]

Unicode

ကတုန်ကယင်လက်တို့ဖြင့် ထယ်ယောင်းရဲ့အင်္ကျီအားချွတ်ပေးနေသော အောက်ကလူကို မှေးစင်းသောအကြည့်တို့ဖြင့် မျက်တောင်မခက်တမ်း ရီဝေဝေငေးကြည့်နေမိသည်။လှသည်။သိပ်ကိုလှသည်။သူ့ရဲ့လက်ရာမြောက်ဆေးချက်တို့ မရေး
ဆွဲခင်၊အခုလို သူ့အောက်မှာ ငြိမ်ငြိမ်လေးရှိနေတဲ့အချိန်မှာတောင် မျက်နှာမလွဲနိုင်အောင် လှရက်သည်။တစ်ပြိုင်နက်တည်းမှာပဲ ချစ်စရာလည်း
ကောင်းနေပြန်သည်။

ပန်းသွေးကြွနေတဲ့ ပေါင်းဖောင်းလေးနှစ်ဖက်နဲ့ နှာခေါင်းလုံးထိပ်လေးက တကယ့်ကို ဖိကိုက်ပစ်ချင်စရာ မိုချီလုံးလေးပဲ။အိစက်နေမှာ အမှန် !

"Shit! "

ထိုနေရာလေးကို ကြည့်ရုံနဲ့တင် ထယ်ယောင်းရဲ့ဘောင်းဘီအောက်က အကောင်က ပုန်ကန်ထကြွလာသည်။ထိုအခါ အောက်ကလူရဲ့အသားစိုင်နဲ့ ထိတွေ့သွားတာမို့ ထယ်ယောင်းတစ်ကိုယ်လုံး လျှပ်စီးတို့လိုက်သလို ကျဉ်ခနဲပဲ။ဒီလူကတော့ သူ့ကို အရည်လဲ့နေတဲ့မျက်ဝန်းအစုံနဲ့အတူ ငေးကြည့်လာသည် ။ ထိုအကြည့်ကိုသူသိသည် "မင်းစိတ်တိုင်းကျ လုပ်ပါ" ဆိုတဲ့သဘောမျိုး။ထယ်ယောင်းကို စကားတစ်ခွန်းပင် မပြော။ဒီတစ်ညလုံး ထယ်ယောင်းရဲ့အရုပ်ကလေးဖြစ် နေမယ့်ပုံ။

ဟက် ! ခင်ဗျားက အဲ့လိုဆိုတော့လည်း ကျုပ်အလွတ်ပေးမှာမဟုတ်တော့ဘူး!

အရုပ်ကလေးကို အပိုင်သိမ်း‌လိုက်တော့မယ်!

ငေးကြည့်နေဆဲဖြစ်တဲ့ မျက်ဝန်းဝိုင်းကို တစ်ချက်စူးစူးကြည့်ကာ မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်ရင်း ပတ္တမြားရောင် နှုတ်ခမ်းပါးကို သူ့နှုတ်ခမ်းထူဖြင့် စတင်ထိကပ်လိုက်သည်။ထိုအခါ သူ့အင်္ကျီကြယ်သီးအား ဖြုတ်နေဆဲ လက်ကလေးတွေက တင်းခနဲဖြစ်သွားသည်။

"အွန်း ! ပြွတ်စ် ! "

ပတ္တမြားလို့တင်စားလိုက်ပေမယ့် ထိုကဲ့သို့မာကျောမနေဘဲ ဂျယ်လီတုံးလေးလို နူးညံ့အိစက်တဲ့အထိအတွေ့က ထယ်ယောင်းကို ရူးသွားစေနိုင်သည်။အပေါ်တစ်လှည့် အောက်တစ်လှည့် နူးနူးညံ့ညံ့စားသုံးရင်း ဒီလူ့ခံတွင်းက ဝတ်ရည်ချိုမှန်သမျှ အကုန်စုပ်ယူလိုက်သည့်အခိုက်အတန့်မှာ စောနကထွက်နေတဲ့ ဒေါသတွေဟာ ကြက်ပျောက်ငှက်ပျောက်ပင်။ဒီလူက ဤမျှစွမ်းသည်။
ထို့ပြင် ဒီလူသည် ပန်းရိုင်းလေးတစ်ပွင့်ဆိုသော်ငြား အထိမခံနိုင်လောက်သည်အထိ နုနယ်သည်မို့ သူမကြမ်းတမ်းချင်ပါ။ဒါကြောင့် တစ်လွှာချင်း တစ်လွှာချင်း အတတ်နိုင်ဆုံး မကြမ်းမိအောင် ထိန်းကာ စားသုံးသည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now