Unicode
ဆိုးလ်မြို့ကြီးရဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင်ဖြစ်သည်။laggaugeအားဆွဲကာ ထွက်ပေါက်ဆီသို့ ဦးတည်နေသည့် ခြေတံရှည်တွေ။နီညိုရောင်တီရှပ်အား pantအနက်ဖြင့်တွဲဝတ်ထားပြီး အနက်ရောင်longcoatအား တစ်ထပ် ထပ်ဝတ်ထားသေးသည့်အမျိုးသားသည် ၆ပေကျော်သည့်အရပ်ကြောင့် အင်မတန်ရှင်းသန့်ကာ ကြည့်ကောင်းနေသည်။
မရယ်မပြုံးမျက်နှာတည်တည်သည် လေဆိပ်ထဲမှအထွက် နေရောင်ဖြာဖြာရဲ့တိုးဝေ့မှုကို ခံစားရသည့်အခါမှာတော့ နှုတ်ခမ်းထောင့်လေးဟာ မသိမသာတွန့်ချိုးသွားသည်။ထပ်ပြီး နေကာမျက်မှန်အား ချွတ်လိုက်ကာ အင်္ကျီရင်ဘက်တွင်ချိတ်လိုက်သည်။ရှင်းလင်းသွားသည့်အမြင်အာရုံက သုံးနှစ်လောက်အတွင်း ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်ကို ပေးစွမ်းသည်။
ပြောင်းလဲမှာပေါ့လေ..သူတောင်မှပဲ အဲ့ဒီအချိန်တွင်း နှလုံးသားကို ကုစားခဲ့ရတာ ၊ အခုဆို တော်တော်ခံနိုင်ရည်ရှိပါပြီ။မမေ့နိုင်သေး၊မချစ်ဘဲမနေနိုင်သေးပေမယ့်လည်းပေါ့။
"ငါပြန်လာပြီ ထယ်မင် ~ "
ခပ်တိုးတိုးရွတ်ဆိုလိုက်သည့် ထိုစကားက များစွာသော အဓိပ္ပါယ်ကိုဖော်ဆောင်သည်။သုံးနှစ်ကြာတဲ့အထိ လွှတ်ပေးထားခဲ့ပြီးပြီလေ။ထပ်ပြီး အခြားသူတွေကို ထိခိုက်ခွင့် မပေးနိုင်တော့ဘူး။သူ့ရဲ့ ပြန်လာခြင်းက သိပ်ချစ်ရသူအတွက် ပျော်စရာတော့ ဖြစ်မှာမဟုတ်ပါ။
ထိုနေ့ ..သူနဲ့ထယ်မင် ပြသနာဖြစ်ပြီးတဲ့နေ့ပဲ ဂျောင်ကုနဲ့တွေ့ဖို့ စီစဉ်ခဲ့သည်။သို့ပေမယ့် မတွေ့ဖြစ်ခဲ့ပါ။အကြောင်းရင်းက အချိန်အခါမကျသေးလို့ဖြစ်သည်။သွေးနုသားနုလေးမှာ ထိုအမှန်တရားတွေသာကြားခဲ့ရင် အဲ့ကောင်လေးက ခံနိုင်ရည်ရှိမည်မဟုတ်ဘူးလေ။ဒါကြောင့်ပဲ သူအချိန်တစ်ခုကို စောင့်ခဲ့သည်။သုံးနှစ်လောက်ထိတော့ မမျှော်မှန်းထားပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ရောက်လာခဲ့သည့် ကံကြမ္မာအချို့ကြောင့် အတော်ကြာခဲ့သည်။
အင်း..! အခုတော့ အားလုံးဖွင့်ပြဖို့ အချိန်တန်ခဲ့ပါပြီ..!
~~~~~~~~~~~~~~~~
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.