Ep : 9

3.5K 290 104
                                    

[ တစ်ခုလောက်မေးချင်တာရှိပါတယ်။spoilတယ်ပဲဆိုရမလား ဒီficလေးကို male pregnantလေးရေးမယ်ဆိုပြီး plotချထားတာပေါ့နော်။ဒါမဲ့ male pregnantကိုဖတ်ရတာမကြိုက်တဲ့သူရှိနိုင်တာမို့ plotအတိုင်းပဲသွားရမလား ဒါမှမဟုတ် male pregnantမရေးတော့ဘဲ ပြန်ပြင်ပေးရမလား ]

Unicode

Royalမှာ အလုပ်စဝင်ဖို့ပြင်ဆင်နေတာကြောင့်ထယ်ယောင်းတစ်ပတ်လုံးလုံးအိမ်ပြန်မလာဖြစ်။Condoမှာပဲ အိပ်ဖြစ်သလို နေ့နေ့ညည အစ်ကိုဂျင်နဲ့ အလုပ်ကိစ္စဆွေးနွေးလိုက်၊stockဈေးတွေကြည့်လိုက်၊သူ့တာဝန်ယူချင်သည့် Royalရဲ့ အဓိကကျသည့်Bankingပိုင်းကို လေ့လာလိုက်ဖြင့် လုံးဝမအား။နောက်ဆုံး ဟိုကောင်တွေနဲ့တောင် ညပိုင်းခဏ အပန်းဖြေဖို့ လောက်သာတွေ့ဖြစ်ကြပြီး ဟိုကိစ္စတွေဆိုဝေးရော။
အဓိကတော့ ဒီလူမှမဟုတ်ရင် သူစိတ်မပါတော့တာ။

သူ့စိတ်ကို သူလည်းဒီရက်ပိုင်းပြန်စမ်းစစ်ရင်း ဂျီမင်တို့ကို ရင်ဖွင့်တော့ သူတို့ဆီမှ ပြန်ကြားရသည်က "သားကြီး မင်းတော့ ချစ်မိသွားပြီ"တဲ့လေ။သူလည်း ငအမှမဟုတ်တာ ကိုယ်ခံစားရတာကိုယ်သိတာပေါ့။ဒါကြောင့် ဒီလူပြန်ချစ်လာဖို့ သူကြိုးစားရမည်။အထူးသဖြင့် ဟိုလူကင်မ်ထယ်မင်ထက် အစစအရာရာသာနေမှဖြစ်မည်လေ။
ဒီလူကိုယ်တိုင်လည်း ကင်မ်ထယ်မင်နဲ့ယှဉ်ပြီး သူ့ကိုအထင်သေးနေတာမလား။

သူက ရုပ်ရည် ပညာအရည်အချင်းအစစအရာရာသာနေပေမယ့် လုပ်ငန်းပိုင်းမှာ ဟိုလူက လက်ရှိလက်စွမ်းပြထားသည်မို့ အရင် အသက် ၂၃နှစ်
လောက်မှ Royalကို ဝင်ဖို့လုပ်ထားသည့်ဆုံးဖြတ်ချက်အားပြင်ကာ ချက်ချင်းဝင်ဖို့လုပ်နေခြင်းဖြစ်သည်။
ကျုပ် ဟိုလူထက်အစစအရာရာ သာတော့မှာ!
ပြန်ချစ်ဖို့ ပြင်ထား ဂျွန်ဂျောင်ကု!

"Boss ! ကျွန်တော် ရောက်ပါပြီဗျ!"

ထယ်ယောင်း bathtubထဲတွင် စိမ်နေတုန်း အပြင်မှအသံကြောင့် ဝူယောင်းရောက်လာပြီမှန်းသိလိုက်သည်။
ရေချိုးတာကို လက်စအမြန်သပ်ကာ bathrobeအစိမ်းပုတ်ရောက်အား ခပ်မြန်မြန်ဝတ်လိုက်ရင်း ရေချိုးခန်းထဲမှထွက်လာလိုက်သည်။ထို့နောက်အဝတ်လဲခန်းတွင် အဝတ်လဲပြီးတာနဲ့ ဆံပင်တွေအား သပ်တင်ရင်း ကုတင်ရှိရာသို့ လျှောက်လာလိုက်သည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now