Unicode
"ဟင် ကင်မ်ထယ်ယောင်း~"
ရုတ်တရက်မျက်နှာချင်းဆိုင်တွေ့လိုက်ရတဲ့အရိုင်းအစိုင်းရဲ့မျက်နှာသည် ဂျောင်ကုတွေ့နေကျထက် လွန်စွာခက်ထန်နေပြီး ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလိုဖြစ်နေသည်။စူးစူးရဲရဲမျက်ဝန်းတွေက ညမီးရောင်လဲ့လဲ့အောင် ပိုမိုတောက်ပနေပြီး သူ့ရဲ့နဖူးပြင်အား ပေါက်ထွက်မတက်ကြည့်နေသေး။မေးကြောကြီးတွေတင်းနေပြီး သူ့ခါးအားလက်တစ်ဖက်ဖြင့်ဆွဲပိုက်ကာ ဘာမပြောညာမပြောဘဲ နဖူးပြင်လေးအား အရိုင်းအစိုင်းရဲ့ကျန်လက်ဖဝါးပြင်ကြီးဖြင့် အတင်းဖိပွတ်လာသည်။
"အာ့ ဘာလုပ်တာလဲ ဖယ်စမ်း!"
"ကျစ်! ငြိမ်ငြိမ်နေလိုက် ခင်ဗျား!"
"မနေနိုင်ဘူး ဖယ်နော်! "
"တောက်! ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလို့ ကျုပ်ပိုင်တဲ့နေရာကို အထိခံရဲရတာလဲ? "
"ဘာတွေလာပြောနေတာလဲ? ခုဖယ် ! ငါနာနေပြီ!"
"တောက်! ငါကွာ!"
နာနေပြီဆိုသောအသံလေးကကြောင့် လက်ကိုချက်ချင်းဖယ်ပေးလိုက်ပြီး ကြည့်လိုက်တော့ နီနီရဲရဲနဖူးလေးက အတော်နာသွားမည်ဟန်။မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံလိုက်မိပေမယ့် ထယ်ယောင်းလုံးဝမမှားဘူး။မှားနေတာက သူတို့။တစ်ယောက်ကလည်း နဖူးကို ညင်ညင်သာသာထိတွေ့တယ် ကျန်တစ်ယောက်ကလည်းပြုံးနေတယ်။
ခင်ဗျားတို့က ဘာတွေလဲ?
သူ သူကသာ ဒီမြင်ကွင်းကိုမြင်မြင်ချင်း နှလုံးသားတစ်ခုလုံးကို အက်စစ်နဲ့ပက်ခံလိုက်ရသလို စပ်ဖျင်းဖျင်းနဲ့ အဆမတန်ပူလောင်သွားတာ!မကြားချင်ဘူး ဒီလူ့ဆီမှ သူ့အကြောင်းကလွဲပြီး အခြားလူတစ်ယောက်အကြောင်းချီးမွမ်းပြောတာကို!
မလိုချင်ဘူး ဒီလူ့ဘက်မှ သူကလွဲပြီး အခြားလူတစ်ယောက်ကို ပြုံးပြတာမျိုး!
မမြင်ချင်ဘူး ဒီလူ့ကို အခြားတစ်ယောက်က မြတ်မြတ်နိုးနိုးထိတွေ့တာမျိုး!အခုတော့ သူ မဖြစ်ချင်တာမှန်သမျှက တစ်ခုပြီးတစ်ခုဖြစ်နေပြီ!
ထယ်ယောင်းတကယ်ရူးသွားတော့မလိုဘဲ!
ဂျွန်ဂျောင်ကု ! ခင်ဗျားက ကျုပ်အပိုင်ဆိုတာ မေ့နေခဲ့တာပဲ!
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.