Ep : 18

5.1K 329 172
                                    

Unicode

ဒီနေ့အလုပ်ကိစ္စကြောင့် overseaထွက်ရမှာဖြစ်တဲ့အတွင် ကင်မ်ဆောင်းဟိုတစ်ယောက် ရုံးမသွားတော့ဘဲ အိမ်မှာသာနေလိုက်သည်။ကျန်တဲ့ ဝမ်က အလုပ်ဆီသွားပြီဖြစ်သည်။သားကြီးဆို သူတို့တောင် မနိုးသေးခင်သွားတာဖြစ်သည်။မသွားသေးတာက သားငယ်ပင်။မနက် ၁၀နာရီပင်ရှိနေပြီဖြစ်ပေမယ့် အခုထိ အပေါ်ထပ်ကနေ ဆင်းလာသည့်အရိပ်ပင်မပြ။
ဒါ Royalရဲ့ ဒုဥက္ကဌတဲ့လား ?

ခေါင်းတစ်ခါခါလုပ်ရင်း လက်ထဲက
Macbookဖြင့် အလုပ်ဆက်လုပ်နေရာကဧည့်ခန်းရှေ့ ဖြတ်သွားသော ဝူယောင်းကိုတွေ့တော့...

"သွားနှိုးတော့ မလို့လား? "

"မဟုတ်ပါဘူး သူဌေး ~ "

"သွားနှိုးချေ ! "

"ဗျ ဗျာ ! ကျွန်တော် မနှိုးရဲဘူးလေ သူဌေးရယ် ~"

"ဘာ ! မင်းနှိုးနေကျမဟုတ်ဘူးလားကွ ! "

ဝူယောင်း ဧည့်ခန်းရှေ့ဖြတ်အသွား သူဌေးက လှမ်းခေါ်တာမို့ သွားလိုက်တော့ bossကိုနှိုးခိုင်းတယ်တဲ့လေ။သူက ဘယ်လိုသွားနှိုးရဲပါ့မလဲ။မနေ့ကမှ မင်္ဂလာဆောင်ထားတဲ့သူကို ဒီလိုအချိန်သွားနှိုးရင် ဝူယောင်း လှေကားကနေတောင် ကန်ချခံရနိုင်သည်။ဒါကို သူဌေးကတော့မသိဟန်ပါလေ။ ဒီလိုမင်္ဂလာဦးညအပြီး ဘယ်စုံတွဲကများ စောစောနိုးလို့လဲ။
သူဌေးက ဒါမျိုးကျ လွှတ်ညံ့တယ်ဗျာ .!

ဝူယောင်းတစ်ယောက် သူဌေးရဲ့အံ့ဩနေသည့်မျက်နှာကို ကြည့်ရင်းမှ ရယ်ချင်ပက်ကျိမျက်နှာကိုထိန်းလိုက်ရင်း...

"ဟို bossတို့ မင်္ဂလာဦးညဆိုတော့လေ ဟိုနင်းဟိုဟာကြောင့် .."

"အဟမ်း! ထားလိုက်တော့ ! "

ဒုန်း ! ဒုန်း !

ဝူယောင်းပြောမှ ကင်မ်ဆောင်းဟိုတစ်ယောက် သတိထားမိကာ ‌မျက်မှန်ပင့်လိုက် ချောင်းဟန့်လိုက်လုပ်နေတော့သည်။မကြာပါ တဒုန်းဒုန်းမြည်သံပေးရင်း လှေကားပေါ်ကဆင်းလာတဲ့ချစ်လှစွာသောသားလေးကြောင့် လှေကားဘက်အ
ကြည့်ပို့မိတော့ bathrobeကြိုးတောင် သေ
ချာမချည်ဘဲ ဆင်းလာလေရဲ့။ခေါင်းက ဆံပင်ဖုတ်သိုက်ကလည်း ခုထိရေမခြောက်သေး။
ကျစ် ! ဒီကောင်ကတော့ အရှက်ကိုမရှိတော့ဘူး..!

I Love U More ( Taekook ) ( Completed )Where stories live. Discover now