Ep : 24

4.9K 328 194
                                    

Unicode

"ဒေါ်လေး !"

"သား ! အင့် !"

ကု‌တင်ဘောင်ကိုမှီလို့ ခြေဆင်းလှဲနေသူအား အပြေးဝင်ဖက်သည့် ဂျောင်ကုကြောင့် အဒေါ်ဖြစ်သူဟယ်လင်းမှာ မသက်သာလှပါ။‌တူလေးက သူမ မူးလဲဆိုတာနဲ့ ချက်ချင်းကိုရောက်ချလာသည်။ဒီအဒေါ်နဲ့ဒီတူလေးဘဲရှိတာမို့ အရင်က အနေဝေးခဲ့ပေမယ့် နွေးနွေးထွေးထွေးရှိသည်ဆိုတော့ သူမအပေါ် အမေလိုလည်း ချစ်ရှာတဲ့ တူလေးအား သိပ်ကိုချစ်ပါသည်။

"အယ် ဖြည်းဖြည်းဖက်ပါကွယ် ~ "

"ဒေါ်လေး မူးလဲတယ် ဆိုလို့ ! ကျွန်တော် စိတ်ပူသွားတာ ! အခုရော ဘယ်လိုနေလဲ ? ဆရာဝန်က ဘာပြောလဲဟင် ?"

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ~ အသက်ကြီးလာတော့ ဒီလိုပါပဲကွယ် ~ အခုတော့ သက်သာသွားပါပြီ ~"

"တော်သေးတာပေါ့ ~ "

ဂျောင်ကု အခုမှဘဲသက်ပြင်းချနိုင်တော့သည်။ တကယ်ကို စိတ်ပူနေခဲ့တာ။ကြားကြားချင်းဆို ခြေမကိုင်မိ လက်မကိုင်မိဖြစ်တဲ့အထိ။အရိုင်းအစိုင်းကိုလည်း ကျေးဇူးတော့ တင်မိသား။ဂျောင်ကု ဖုန်းဆက်ပြောတာနဲ့ ချက်ချင်းလာခေါ်ပြီး ဒီကိုလိုက်ပို့သည်လေ။သူလည်း အလုပ်မအားဘူးထင်သည် ပို့ပြီးတာနဲ့ ရုံးကိုပြန်သွားသည်။ဘာရယ်မဟုတ် အတွေးနဲ့အတူ နှုတ်ခမ်းထောင့်လေးပင် မသိမသာကွေးညွှတ်မိသွားသည်။

"သား ဂျောင်ကုလေး ~"

"ဗျ ဗျာ ~"

"သား အဖေက သားကိုလာရှာတယ် ~"

အတွေးလွန်နေတဲ့ ‌တူလေးအား ဟယ်လင်းက မှိန်ဖျော့ဖျော့မျက်ဝန်းတို့ဖြင့်ကြည့်ရင်း မထင်မှတ်ထားသည့် စကားကိုဆိုသည်။ထိုစကားရဲ့ နောက်ကွယ်မှာ သိသာထင်ရှားတဲ့အကြောင်းတစ်ခုကတော့ ပါလာသည်မို့ အံ့ဩရိပ်တို့အပြည့်နဲ့ပြန်ကြည့်နေသော သူမ တူလေးကို ပြောပြရတော့မည်ဖြစ်သည်။

အသက်ကို ခပ်ပြင်းပြင်းရှုလို့ အချိန်တို့ကို နောက်ပြန်ရစ်လိုက်သည်မှာ လွန်ခဲ့သော သုံးနာရီခန့်တွင် ဖြစ်သည်...

flashback starts >>>

သားထယ်နဲ့ဂျောင်ကုလေးတို့ကို ဒီနေ့ညနေစာ အတူစားဖို့ သူဌေးကမှာထားတာမို့ သူမကိုယ်တိုင် ဈေးဝယ်ထွက်လာတာဖြစ်သည်။အစားချေးများတဲ့သားထယ်အတွက် လိုအပ်တာများကို Mallတစ်ခုတွင်သာ အမြဲဝယ်လေ့ရှိသည်မို့ ယနေ့လည်း ထိုနည်းလည်းကောင်းပင်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now