Ep : 6

4.3K 337 110
                                    

Unicode

သူ့ထက်မလျှော့တဲ့မာန နဲ့  ထိုအရိုင်းအစိုင်းဘက်ကစပြီး လုံးကြီးတင် အတင်မခံနိုင်သောစိတ်တို့ကြောင့် ကိုယ့်စိတ်ကိုတင်းကာ တစ်ကိုယ်တည်း ထွက်လာခဲ့ပေမယ့် တကယ်‌တမ်း ဂျောင်ကုကြောက်နေမိသည်။ကိုယ့်ရဲ့နေရပ်မဟုတ်ဘဲ အလွန်ကြီးလွန်းသောမြို့ရဲ့ ညလမ်းမကြီးထက်မှာ ဘယ်လိုသတ္တိမျိုးနဲ့ တစ်ယောက်တည်းသွားရဲပါ့မလဲ။ဒီကိုရောက်ပြီး နှစ်ရက်လောက်မှ ကိုကိုကြီးခေါ်တဲ့နောက်ကလွဲပြီးသွားဖူးသည့်နေရာမရှိတာမို့ မြင်နေသမျှဟာ အစိမ်းသက်သက်သာ။လမ်းမကြီးဖြစ်တာမို့ လမ်းမီးတိုင်များထိန်ထိန်လင်းနေပြီး အရမ်းညမနက်သေးသောကြောင့် ကားသွားကားလာရှိသော်လည်း သူ့အတွက်အကူအညီဆိုလိုတစ်ခုလေးပင်ရှာမရ။busမှတ်တိုင်တွေ့လို့ စီးသွားရအောင်လည်း ဘယ်မှာဆင်းပြီးဘယ်လိုဆက်သွားရမယ်မသိ၊taxiငှားရအောင်လည်း taxiနဲ့တူသည့်အရိပ်ပင်မရှိပါ၊အဆိုးဆုံးကတော့ ပိုက်ဆံဆိုလို့ အကြွေစေ့ပင်လျှင်မပါခဲ့သည်မို့ ဂျောင်ကုမှာ ပလက်ဖောင်းတစ်လျှောက် ယောင်လည်လည်လျှောက်ရုံမှအပ လုပ်စရာမရှိ။
ထွက်လာသည့်နေရာနှင့်ဝေးလေ ပိုစိတ်အားငယ်လေဖြစ်ကာ ငိုချင်လာသလို မေမေ့ကိုပါသတိရလာသည်မို့ မျက်ဝန်းဝိုင်းထောင့်လေးတွေတွင် မျက်ရည်စတို့သည်ပင် ခိုကပ်လာတော့သည်။

"သား လမ်းပျောက်နေပြီ မေမေ~ အင့်!"

"ကြောက်လည်း ကြောက်တယ်! အဟင့်!"

ခြေလှမ်းတို့အား တုံ့ခနဲရပ်ပစ်ပြီး ပလက်ဖောင်းပေါ်မှာတင် ငုတ်တုပ်ကလေးထိုင်ချကာ ဒူးနှစ်ဖက်ပေါ် လက်ကလေးပိုက်တင်ရင်း ငိုချလိုက်မိသည်။
သူပိုတိုးလို့ငိုတိုင်း ကင်မ်ထယ်ယောင်းကို မုန်းချင်တဲ့စိတ်က တိုးတိုးလာရသည်။သူ့ကြောင့်သာ အခုလိုအဖြစ်ဆိုးနဲ့ကြုံနေရတာဖြစ်သည်။သူနဲ့စတွေ့တွေ့ချင်းပဲ ဂျောင်ကုရဲ့သိက္ခာတွေလည်းချနင်းခံရပြီး အထင်မြင်သေးခံရသလို သူ့ရဲ့ပထမဆုံးအနမ်းကိုပင်လျှင် ကြမ်းကြမ်းတမ်းတမ်းရယူသွားခဲ့သည်။နေ့ပင်ဆက်မကူးဘဲ အခုလည်း သူ့ကြောင့်ပဲ လူသူကင်းတဲ့ လမ်းမပေါ်တွင် ဂျောင်ကုတစ်ယောက်တည်း ကူကယ်ရာမဲ့နေသည်။
တကယ်တော့ ကင်မ်ထယ်ယောင်းက သူ့အတွက် ကံဆိုးမှုတွေယူလာတဲ့သူတစ်ယောက်သာ။

I Love U More ( Taekook ) ( Completed )Where stories live. Discover now