Ep : 8

3.6K 296 78
                                    

Unicode

တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဖြင့် မျက်လုံးထဲသဘောကျသည်ဆိုတာနဲ့ setလိုက်ဝယ်သော အရိုင်းအစိုင်းနောက် တစ်ကောက်ကောက်လိုက်နေရသည်မှာ တစ်နာရီပင်ကျော်လို့နေပြီ။
Shopping Centerကြီးထဲစရောက်ကတည်းက ဝယ်လိုက်တဲ့ပစ္စည်းတွေဆိုတာ အထပ်လိုက်၊ဂျောင်ကုမှာ သူဝယ်သမျှဟာတွေရဲ့ အိတ်ကို ဒိုင်ခံကိုင်ပြီး နောက်ကလိုက်ရသည်။သူကတော့ ရှေ့ကနေ modelအလား ဘောင်းဘီအိတ်ထဲ လက်ထည့်လို့ အေးဆေးလျှောက်နေရဲ့။

အချိန်ကြာတာနဲ့အမျှ အိတ်တွေအစုလိုက်အပြုံလိုက် ဆွဲထားရတာကြောင့် ဂျောင်ကုရဲ့ လက်ဖဝါးနုနုလေးတွေဟာ ရဲတက်လာပြီး ရေကြည်ဖုလေးတွေပင် ထလာသည်။
သင်တန်းဆင်းကတည်းက ဘာမှမစားရသေးတာကြောင့် ဗိုက်ထဲတွင်လည်း သံစုံတီးဝိုင်းက မြည်နေလေပြီမို့ လမ်းပင်ဆက်မလျှောက်နိုင်တဲ့အထိ အားကိုပျက်လာရသည်။
ဒါပြင် သူ့ရဲ့ အလုပ်ချိန်ပါ ကျော်လာပြီမို့ ‌ဒီအရိုင်းအစိုင်းအား မတားလို့မဖြစ်တော့။

ရောက်တဲ့နေရာတွင် ခြေစုံရပ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ...

"ကင်မ်ထယ်ယောင်း.."

"ပြော!"

ဂျောင်ကုက ခေါ်လိုက်တော့ နောက်ကိုတစ်ချက်ကြည့်ကာ မေးဆက်၍ပြောလိုက်တဲ့ အရိုင်းအစိုင်းက တကယ်အမြက်ကတ်စရာ။
ဦးလေးပြောသလိုဘဲ တစ်လောကလုံး သူ့လုပ်စာ စားနေရတဲ့ ရုပ်မျိုးနဲ့ ။

"မင်းဝယ်တာ ဘယ်တော့ပြီးမှာလဲ? ငါ အလုပ်ရှိသေးတယ်.."

"လုပ်မနေနဲ့! ခင်ဗျားအလုပ်က ကျုပ်လောက်အရေးမပါဘူး"

ဒီအရိုင်းအစိုင်းကတော့ တကယ့်စံပြပါဘဲ။
ဂျောင်ကုဘဝရဲ့ ရည်မှန်းချက်တစ်ခုကို ဖြည့်ဆည်းပေးနိုင်သည့် အလုပ်က သိပ်ကိုအရေးကြီးပါသည်။ဒါကို သူက သူ့လောက်အရေးမကြီးပါဘူးတဲ့လေ။
ဘယ်လောက်မျက်နှာပြောင် တိုက်တဲ့လူလဲ။
သူက ဘယ်သူတွေအတွက် ဘယ်လောက်အရေးပါပါ ဂျောင်ကုအတွက်တော့ ဒသမအနောက်
က သုညလိုပဲ တန်ဖိုးပင် ပိုလျော့စေသည့်လူ။

အံ့ဩလွန်းပါဘိ။

"မင်း အဓိပ္ပါယ်မရှိမပြောနဲ့!မနေ့က Hotelမှာ စားဖိုဆောင်နဲ့ပတ်သတ်ပြီး ပြသနာဖြစ်သွားတယ်..သွားမှရမှာ!"

I Love U More ( Taekook ) ( Completed )Where stories live. Discover now