Unicode
Meetingပြီးတာနဲ့ ရုံးခန်းတန်းပြန်တာဖြစ်ပြီး ကိုကိုနဲ့အတူ Mallသို့သွားရန် ထယ်ယောင်းတွေးထားခဲ့တာ။အခန်းထဲလည်းရောက်ရော ကိုကိုက မရှိတော့။လူတစ်ကိုယ်လုံး ပူထူသွားတာပဲ။ဖုန်းခေါ်တော့လည်း မကိုင်၊အခြားနေရာမသွားတတ်မှန်းသိသည်မို့ ထယ်ယောင်း အိမ်သို့သာပြန်လာခဲ့လိုက်သည်။အိမ်ရောက်တော့ ထင်တဲ့အတိုင်း သူတို့အခန်းကို သန့်ရှင်းရေးလုပ်နေသည်။
စိတ်ပူအောင်လုပ်ထားပြီး သူဝင်လာတာသိသည့်တိုင် တစ်ချက်လေးပင် လှည့်မကြည့်တော့ ထယ်ယောင်းစိတ်တွေကြည်မနေတော့ပါ။အပေါ်ကုတ်ကို ခပ်ကြမ်းကြမ်းချွတ်ကာ ကုတင်ပေါ်ပစ်တင်လိုက်ပြီး အဖက်မလုပ်သူရှေ့သွားကာ ခါးစပ်လက်ထောက်လို့...
"မောင့်ကို မပြောဘဲနဲ့ ဘာလို့ ပြန်သွားရတာလဲ ? ဖုန်းလည်း မကိုင်နဲ့ ဘယ်လောက်စိတ်ပူနေလဲ မသိဘူးလား ?"
ဘုတ်..!
"အဲ့ အလုပ်က အခုအရေးကြီးနေလား ? မေးနေတယ်လေ !"
လူက ဒီလောက်အမောတကောပြေးလာပြီး မေးနေတာတောင် ပြန်ဖြေဖို့နေနေ တစ်ချက်ပင်မော့မကြည့်ဘဲ သူချွတ်ထားတဲ့ကုတ်ကိုသွားယူသည်။စိတ်ပေါက်ပေါက် ကိုကို့လက်ထဲက သူ့ကုတ်ကို ဆွဲယူကာ ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်ပြီး လေသံမြင့်လို့ ဆိုသည်။ထိုအခါမှ သူ့ကို ခပ်စူးစူးပြန်မော့ကြည့်လာသည်။မည်သည့်စကားတစ်ခွန်းမှမဆိုပဲ တေမိလုပ်နေတာ။
တကယ်စိတ်မရှည်တော့လို့ ကိုင်ပေါက်ပစ်မိတော့မယ် ..!
"ကင်မ် ဂျောင် ကု ! "
ဂျောင်ကုက ပြန်မဖြေတော့ ဆောင့်အော်သည်။သူကပဲ အော်ရတယ်ရှိသေး။သူကိုယ်တိုင်ကျ မဟုတ်တာလုပ်ထားပြီး လူကို လှည့်စားဖို့ လာဂရုစိုက်ပြနေတယ်။အစကတော့ ယုံမိတော့မလို့။ခုတော့ ဝေးသေး။ဂျောင်ကုအား ဆောင့်အော်လာသူကို ပြန်မော့ကြည့်လို့...
"ငါ့ကို လာမအော်နဲ့ ! ငါ့ဘာသာ ပြန်ချင်ပြန်မယ် မပြန်ချင်မပြန်ဘူး ! မင်းကို ငါက ဘာလို့ ခွင့်တောင်းရမှာလဲ?
"အော်တာမဟုတ်ဘူး အသံမြင့်သွားရုံပဲကွာ ~ထားပါ ~ထားပါ ပြန်ချင်တယ်ဆိုလည်း မောင်ပြီးတဲ့အထိ စောင့်လေ အတူတူပြန်မှာပေါ့ ! အခုက မပြောမဆိုနဲ့ taxiစီးသွားတာ မဟုတ်ဘူးလား ? မတော်တဆ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ?"
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.