Ep : 12

4.1K 311 126
                                    

Unicode

မနေ့က Busanရဲစခန်းကနေဖုန်းဆက်လာသည်။လမ်းမပေါ်မှာ လူတစ်ယောက်ကို မူးပြီးမတရားထိုးကြိတ်လို့ ကင်မ်ထယ်ယောင်းကို ယာယီထိန်းသိမ်းထားပါတယ်တဲ့။ကြားကြားချင်း သားကြီးအား ဆက်သွယ်၍သွားထုတ်ခိုင်းရသည်။ဝမ်ကလည်း သားငယ်ကို စိတ်ပူလွန်းတာမို့ ဖူးခက်ကနေ ချက်ချင်းပြန်လာကြခြင်း။Busanကနေလည်း အကုန်လုံးကို ညတွင်းချင်းပြန်ခေါ်ရသည်။
တော်တော် မွှေတဲ့ကောင်!

ဧည့်ခန်းထဲတွင် ကင်မ်မိသားစုမှ လွဲ၍မည်သူမှမရှိ။ထိပ်ဆုံးဆိုဖာကြီးတွင် ထိုင်နေသောသူဌေးက သူ့ရဲ့ညာဘက်ထောင့်ရှိ ပေတေတေနဲ့ထီမထင်ပုံစံလုပ်နေသော သားဖြစ်သူအားကြည့်ရင်း...

"ထောင်ထဲမှာ တော်တော်မှ ပျော်ခဲ့ရဲ့လား သခင်ကြီး!"

"အဟွန်း! နေစရာရတဲ့အပြင် နားပူမဲ့သူလည်းမ‌ရှိတော့ မပျော်ဘဲ နေမလား.."

"ဟေ့ကောင် ! မင်းက ဖအေကို ပြန်ရွဲ့နေတာလား?"

"ဒယ်ဒီမေးလို့ ဖြေတာလေ.."

"တောက်! မင်းအချိုးတွေကြည့်ပြင်စမ်း! ကင်မ်‌ထယ်ယောင်း!"

"မွေးသန္ဓေမို့ ပြင်ရမှာမဟုတ်ဘူး ဒယ်ဒီ! အဲ့ဒီအစား လိုရင်းကိုပြောရင် ဒယ်ဒီလေကုန်သက်သာတာပေါ့.."

တစ်ဦးတည်းသော သားလေးမို့ ငယ်ငယ်တည်းက အလိုလိုက်အကြိုက်ဆောင်ခဲ့တာ သူတို့အမှားများဖြစ်သွားသည်ထင်၏။ကြီးလာလေ ပိုဆိုးလာလေ ဖြစ်ကာ မိဘကိုလည်း စကားအကောင်း‌မပြော၊လုပ်ချင်ရာလုပ်ပြီး ထင်ရာစိုင်းသည်။ပြောရင်လည်း တစ်ခွန်းမကျန် ပြန်ပတ်လိုက်ရမှ ကျေနပ်တဲ့ကောင်!

"ကင်မ် ထယ် ယောင်း !"

" ကို ကို စိတ်လျှော့~ သားငယ်က လိမ္မာပါတယ် အေးဆေးပြောပါ ကိုရဲ့~"

အခုလည်း ဖအေကပြောရင် သူ့ကပြန်ရွဲ့လိုက်ရမှ  စားဝင်အိပ်ပျော်သည်အတိုင်း ပြန်ပြောလေတော့ ကင်မ်ဆောင်းဟိုမှာ ဒေါသတွေ အထွဋ်အထိပ်သို့ ရောက်က ထိုင်ရာမှ ချက်ချင်းထပြီးအော်လိုက်သည်။

သို့သော်ငြား မိခင်ရဲ့အသည်းအငြာဖြစ်နေသည်မို့ ကင်မ်ဆောင်းဟိုရဲ့ လက်မောင်းအား လာကိုင်ရင်း သားအား လက်မပါမိစေရန် ဟန့်တားပြန်တော့ သူ့မှာ သက်ပြင်းသာချရင်း ပြန်ထိုင်လိုက်ရသည်။မိန်းမကို ကြောက်လို့ ငြိမ်လိုက်တာမဟုတ် ချစ်၍သာဖြစ်သည်။ဒါ့အပြင် သူကိုယ်တိုင်လည်း သားငယ်ဘယ်လောက်ဆိုးဆိုး လက်မပါနိုင်တာဆို ပိုမှန်လိမ့်မည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now