Unicode
"ခင်ဗျား ဘာလုပ်တာလဲ!!!"
နှုတ်ခမ်းထိပ်တွင် တေ့ထားသည့် ဆေးလိပ်အား ရုတ်တရက်ဆွဲလုခံလိုက်ရတဲ့အခါ ထယ်ယောင်းရဲ့ဒေါသတွေဟာ အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သလို ပြုလုပ်သူဂျောင်ကုဟာလည်း သည်းခံခြင်းlimitကုန်သွားခဲ့ပြီမို့ဖြစ်သည်။အသက်ရှုသံတွေမြန်လာပြီး ရင်ဘက်ကြီးကနိမ့်လိုက်မြင့်လိုက်ဖြစ်သွားပြီး စူးစူးရဲရဲနဲ့ လူသတ်တော့မည့်အလား မျက်သားတွေပါ နီရဲလာသည့် မျက်ဝန်းအစုံဟာ အရည်တလဲ့လဲ့ထနေသော မျက်ဝန်းဝိုင်းတစ်စုံနဲ့ စုံခိုက် ကြားခံနယ်ပင်တိုးမပေါက် လျှပ်စီးကြောင်းတွေ ထနေသည့်အလား ဝန်းကျင်ပါရုတ်ချည်းတိတ်ဆိတ်သွားသည်။
ဘေးနားရှိ ကင်မ်ထယ်မင်မှာလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ကြောင်သာရပ်နေတော့သည်။
ဝင်တားချင်ပေမယ့် ယခုချိန်မှသာ တားရင် သူ့အပေါ် အမုန်းဓာတ်ခံရှိနေသည့် ထယ်ယောင်းဟာ လုံးဝထိန်းမရသိမ်းမနိုင်ဖြစ်သွားလိမ့်မည်။"အဲ့တာ ဘာအချိုးလဲ? "
"မင်းရဲ ရိုင်းပြတဲ့အပြုအမူကို ငါလက်မခံလို့ လုပ်လိုက်တာလေ ဘာဖြစ်လဲ?"
ထယ်ယောင်းသူ့ရှေ့က ဒေါသထွက်ပြီးမျက်နှာတစ်ခုလုံးရဲနေသည့်လူအား မေးငေါ့ကာမေးလိုက်တော့ ပြန်ဖြေတာကအဆန်းကြီး။
ရိုင်းပြတယ်တဲ့လား။
ဒီကောင်က နဂိုတည်းအရိုင်းအစိုင်းလေ ဘာထူးဆန်းလို့လဲ။
အဟားး အဲ့လူကသာ သူ့ကိုဆို စပ်စပ်အထိမခံဖြစ်နေတာ။"ဟက် ဘယ်အလုပ်သမားမှ အလုပ်ရှင်ကို ခုလိုမလုပ်ဘူး! ခင်ဗျားက ကိုယ်နေရာ ကိုယ်မသိဘူးပဲ !"
"ငါ့ကို အလုပ်ပေးထားတာ မင်းမဟုတ်ဘူး ကင်မ်ထယ်ယောင်း! အဲ့တော့ ငါသည်းခံနိုင်သလောက်ပဲ ငါသည်းခံမယ် ! အေး လွန်လာရင်တော့ တုံ့ပြန်ရမှာပဲ! ဦးလေးကလည်းပြောပြီးသား မင်းကို အမြင်မတော်ရင် ဆုံးမဖို့! အဲ့တော့ ကိုယ့်ထက်နှစ်နှစ်လောက်ငယ်တဲ့သူက ကိုယ်ကိုမထီမဲ့မြင်ပြုနေတာကို ငါဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး!"
သူပြောသလို ဂျောင်ကုကအလုပ်သမား သူတို့အိမ်ရဲ့အကူအညီကိုယူနေရတဲ့သူ ဆိုတာ သိတယ်။
အခုလိုမလုပ်သင့်မှန်းလည်းသိသည်။
ဒါပေမယ့် အဲ့အရိုင်းအစိုင်းကိုက လွန်လွန်းသည်မို့ ငြိမ်ခံနေစရာအကြောင်းမရှိပါ။
တစ်ဦးမေတ္တာ တစ်ဦးစေတနာဆိုတာ ရှိတယ်မလား ကိုယ့်ကို နေရင်းထိုင်ရင်း မျက်မုန်းကျိုးနေတဲ့သူအတွက် ဘာမှမေတ္တာထားနေစရာမလို။
ဦးလေးတို့ကလည်း ရောက်ကတည်းကပြောပြီးသား အမြင်မတော်ရင် ငြိမ်ခံမနေဖို့ ဆုံးမပေးဖို့။
ဒါကြောင့်လည်း အရဲတင်းကာပြောလိုက်ခြင်းဖြစ်သည်။
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.