Ep : 27

6.3K 311 194
                                    

Unicode

လစန္ဒာက ကြယ်ကူလို့ ကောင်းကင်တစ်ခွင်အားထွန်းလင်းစေကာ ညအခင်းကို အသက်ဝင်စေသလို မီးရောင်တစ်ဖြာဖြာဖြင့်လည်း ထွန်းလင်းကာ ခမ်းနားနေသော အိမ်တော်ကြီး ...

အမြဲလိုလိုအိမ်ကြီးရှင်သခင်ကြီးရဲ့ ဆူပူသံနဲ့ သခင်ငယ်လေးရဲ့ ဩရှရှအော်သံမှတစ်ပါးလွဲလို့တိတ်ဆိတ်နေတတ်သည်။အခုတော့ ခြားနားစွာ တစ်ခစ်ခစ်ရယ်သံလေးတွေက ဧည့်ခန်းကျယ်ကြီးဆီမှ ‌အိမ်တော်တစ်ဝိုက် ပျံ့နေတော့သည်။

အနီးနားရှိ အလုပ်သမားများမှာလည်း လေပြေတိုးသံနှင့်အတူ ပါလာသည့် ထိုရယ်သံလေးကြောင့် မျက်နှာထက် အပြုံးကိုယ်စီ ပွင့်လန်းနေကြသည်။သူတို့အိမ်တော်ကြီးမှာ ထိုရယ်သံလေးတွေကြားရဖို့ဆိုတည အိပ်မက်တစ်ခုလိုပဲလေ။

အိမ်တစ်အိမ်တွင် ဆည်းလည်းရှိမှ သာယာတယ်လို့ အချို့က ဆိုကြသည်။များသောအားဖြင့် ထိုအိမ်တွင် ကလေးငယ်များကို ဆည်းလည်းလေးလို့လည်း တင်စားလေ့ရှိသည်။အခု ထိုအိမ်တော်ကြီးအား စိုပြေစေသည့် ဆည်းလည်းလေးမှာ ကင်မ်မျိုးဆက်အား လွယ်ထားသူ ကင်မ်ဂျောင်ကုပင်။

ဂျောင်ကုတစ်ယောက် ဘာဘီကားလေး ကြည့်လိုက် ကြောက်နဲ့ကြွက် ကြည့်လိုက်ဖြင့် မောင့် ပြန်အလာကိုစောင့်နေတာဖြစ်သည်။မျက်လုံးများဖြင့်ကြည့်သော်လည်း နှုတ်ခမ်းပါးတွေကိုတော့ အလကားမထားပါ။မောင်ဝယ်ပေးထားသည့် banana milkရယ် နမ်ဂျွန်းတို့သူငယ်ချင်းတစ်စုဝယ်လာပေးထားသည့် မုန့်တွေကို စားနေရင်း အလုပ်ပေးတာဖြစ်သည်။

"ဆယ်နာ ~"

"ရှင် ~"

"အစ်ကို့ကိုလေ လမ်းထိပ်က တော့ပိုကီလေး ဝယ်ပေးပါလား ?"

မောင်က ဒီနေ့နောက်ကျသည်မို့ ‌ညမှ စားမယ့် ဂျောင်ကုရဲ့မုန်တွေက ကုန်သွားပြီဖြစ်သည်။ဘဲဥလေးက အစားကြီးသည်ထင်သည်။ဒါကြောင့်
ဂျောင်ကုဘယ်လောက်စားစား ဗိုက်မဝနိုင်ဖြစ်နေရတာ။အခုလည်း ပါးစပ်ထဲ ပူပူနွေးနွေးစပ်စပ်လေးကို တမ်းတလာသည်။

အဖြေကတော့ တော့ပိုကီပင်။အချိန်ဆွဲမနေပါဘဲ အနားကဖြတ်သွားသည့် ဆယ်နာအား လှမ်းခေါ်လိုက်ရင်း ပူဆာရတော့သည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now