Unicode
မနက် ဘယ်သူမှမနိုးခင်ကတည်းက တစ်
ယောက်တည်းထွက်လာပြီး ယောင်းအယ်ရဲ့ရုံးခန်းလာနေတာဖြစ်သည်။ညီညီထိုးထားလို့ ဖူးယောင်နေတဲ့မျက်နှာနဲ့ အိမ်ကလူတွေကို သူဘယ်လိုရင်ဆိုင်ရမလဲ မသိတာကြောင့် အခုလိုရှောင်နေရခြင်း။ထိုဒဏ်ရာတွေမပျောက်မချင်းတော့ ယောင်းအယ်ကို ဒုက္ခပေးရအုံးမည်လေ။အခုလည်း YAN Construction Companyရဲ့ ဥက္ကဌဖြစ်သူ ယောင်းအယ်က သူ့မျက်နှာကို ဆေးလိမ်းပေးနေရရှာသည်။
"ကျစ် ! နာတယ်ကွ! ဖြည်းဖြည်းလုပ်စမ်းပါ!"
"လုပ်တာပဲကွာ! မင်းဟာတွေက အများကြီးဆိုတော့ နာမှာပေါ့!"
"ဟက်! နှလုံးသားက ပိုနာတယ်ဆို ယုံမလား?"
"တော်ပါတော့ ထယ်မင်ရယ် ! မင်း ဘာဆက်လုပ်မှာလဲသာ ပြော!"
"မကွဲ ကွဲအောင်ခွဲမယ်!"
ဆေးလိမ်းပေးနေရင်းမှ အခေါက်တစ်ရာမက ကြားနေရပြီဖြစ်တဲ့ နှလုံးသားခံစားချက်တွေကြောင့် ပိတ်ပြောလိုက်တော့ ထယ်မင်ထံမှ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုထွက်ကျလာသည်။
ထိုအရာကိုတော့ ယောင်းအယ်မကြိုက်ပါ။ယူတဲ့သူကလည်း ယူပြီးသွားပြီလေ။တစ်ဖက်ကလည်းစွန့်လွှတ်ပေးလိုက်သင့်ပြီ။အချစ်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ဖြစ်တည်လာတာလေ။ပိုင်ဆိုင်ခွင့်မရှိတော့ဘဲ အဝေးကနေ ထိုသူအတွက် ခံစားချက်တွေကို တယုတယမွေးမြူထားလည်း အချစ်တစ်မျိုးပဲ။သို့ပေမယ့် ယောင်းအယ်နားချလို့ရမယ်မထင်။
ထယ်မင်က ထင်တာထက်ပိုပြီး အစွဲကြီးသလို အတ္တလည်း ကြီးသည်..!ဒေါက် ! ဒေါက် ! ဒေါက် !
ကြွေပြားခင်းကြောင့် ယောင်းအယ်ရုံးခန်းထဲ တံခါးမခေါက်ဘဲ ဝင်လာသူရဲ့ ဒေါက်ဖိနပ်သံက ဟိန်းခနဲဖြစ်သွားသလို ဥက္ကဌဖြစ်သူယောင်းအယ်လည်း ဒေါသက ထောင်းခနဲ။သူ့ရုံးခန်းထဲကို အတော်ရင်းနှီးတဲ့သူတောင် ခုလိုဝင်လာရဲတာမဟုတ်ပေ။ခုက တော်တော်အတင့်ရဲသည်မို့ တံခါးဘက်လှည့်ကြည့်မိတော့ ဟန်ယူရာဆိုတဲ့မင်းသမီးပင်။
နာမည်ကြီးဆိုတဲ့အတိုင်း bodyfit short dress အနီရဲရဲလေးကို ဝတ်ထားကာ ကောက်ကြောင်းအလှကထင်းခနဲ။မျက်နှာနုနုက မော်ချီနေပြီး ယုံကြည်မှုအပြည့်နဲ့အမျိုးသမီးလေးပင်။သူမ က ဘယ်သူကိုမှ ဂရုမစိုက်စွာဘဲ ထယ်မင်နဲ့မျက်နှာချင်းဆိုင်တွင် ခြေတစ်ဖက်ချိတ်ကာ ဟန်ပါပါဝင်ထိုင်လိုက်ပြီး...
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.