Unicode
အခန်းထဲတွင် ဂျောင်ကုရဲ့ငိုသံများကသာကြီးဆိုးသွားသည်။ဆရာဝန်တွေကိုယ်တိုင်လက်လျှော့လိုက်သည်မို့ အဆုံးသတ်သွားပြီဆိုတာသေချာသည်။သို့သော် ဂျောင်ကုအတွက်ကတော့ မောင်နိုးလာအုံးမည်ဟု ယုံကြည်နေဆဲသာ။ဆွဲကိုင်ထားသည့် လက်တွေကိုအားကုန်ရုန်းပစ်လို့ ပိတ်စဖြူရှိရာသို့ အပြေးသွားကာ ထိုအစကြီးအား ဖက်ချပစ်လိုက်သည်။ကျက်သရေမရှိလိုက်တဲ့ ပိတ်စကြီး။ရာရာစစ မောင့်မျက်နှာထက် လွှမ်းခြံရဲသည်တဲ့လား။
"မောင့် ! ဖယ်စမ်း အဲ့ပိတ်စကြီး !"
ဘုန်း ! ဘုန်း !
"ခုထ ! ငါပြောနေတယ် ! မျက်လုံးဖွင့်လို့ပြောနေတယ်နော် !"
အရင်လိုနှလုံးခုန်သံတဒိတ်ဒိတ်ကြားနေရသည့် မောင်ရဲ့ဘယ်ဘက်ရက်အုပ်ကျယ်ကြီးအား လက်သီးဆုပ်လေးတွေဖြင့်ထုကာ နှိုးနေမိသည်။သူသိတယ် မောင်က ဂျောင်ကုကို စိတ်ကောက်နေလို့ ပြန်မထလာတာ။ဂျောင်ကုသိတာပေါ့ မောင်က အချော့ကြိုက်တဲ့ဟာ။
သေချာပေါက် စိတ်ဆိုးပြေတဲ့အထိ ချော့မှာမို့ ကျေးဇူးပြုပြီး မျက်လုံးဖွင့်ပါတော့ကွာ !
မျက်တောင်ဖျားတို့စိုစွတ်ကာ ပါးပြင်ထက်မျက်ရည်စတို့ပေပွလို့ နှုတ်ဖျားမှ တတွတ်တွတ်ခေါ်နေသော်လည်း မောင်က အခုထိထမကြည့်။
ဘုန်း! ဘုန်း!
"အဟင့် ! အရိုင်းအစိုင်းကောင် ! အဲ့လို ပစ်ထားသွားလို့မရဘူး ! တာဝန်လာယူလှည့် ! အင့် !"
မောင်က ကတိမတည်ဘူး။ဘီဘီနဲ့ဂျောင်ကုကို အရမ်းချစ်တယ်ဆိုပြီး ထားသွားတယ်။ဂျောင်ကုမျက်ရည်တွေကို မကြိုက်ဘူးဆိုပြီး ငိုအောင်လုပ်တယ်။ဂျောင်ကုပြောသမျှ နားထောင်ပါ့မယ်ပြောပြီး ဂျောင်ကုခေါ်နေတာကျ မထူးဘူး။မောင်က တကယ်လူဆိုးလေးပဲ။
ထပ်ခါထပ်ခါထုနေတဲ့ ဂျောင်ကုလက်သီးဆုပ်လေးတွေတောင် နာလှပြီ။မျက်ရည်တွေလည်း ကျစရာမရှိလောက်အောင် ခမ်းလုပြီ။အသံတွေဝင်လုနီးနီးထိ ခေါ်နေတာတောင်မောင်က တကယ်မထဘူး။
ဂျောင်ကုက ကုတင်ပေါ်ရှိ မျက်ဝန်းတို့မှေးမှိတ်ထားဆဲဖြစ်သော ထယ်ယောင်အား နှုတ်ခမ်းလေးဆူလို့ကြည့်ရင်း မျက်ရည်တွေကို အတင်းဖိသုတ်ပစ်သည်။မောင်ကဘဲ သူ့ကို အမြဲခြိမ်းခြောက်ပြီးအနိုင်ကျင့်ခဲ့တာ။ဒီတစ်ခါတော့ မောင့်ကိုဂျောင်ကု ပြန်ခြိမ်းခြောက်ပစ်မယ်။သေချာပေါက် အရိုင်းအစိုင်းပြန်နိုးလာမှာ ယုံတယ်။
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.