Ep : 25

6.5K 374 347
                                    

Unicode

"မင်းလိုကောင်ရဲ့ သွေးတွေ စီးဆင်းနေတဲ့ ကလေးကို ငါ့ဗိုက်ထဲမှာ မထားနိုင်ဘူး ! သိပ်ရွံတယ် ! "

ရွံတယ်တဲ့။လာပြန်ပါပြီ ဒီစကား..ထယ်ယောင်းကြားတိုင်း ရင်ဘက်ကြီးတစ်ခုလုံး အရှိန်ပြင်းပြင်းပေါက်ကွဲသွားတဲ့အတိုင်း အသက်ရှူပင်မဝလောက်တဲ့အထိ ခံစားခဲ့ရသည်။ယခုက ထိုထပ်ပိုပြီး အရှိန်ပြင်းလိုက်တာ။ပြောထွက်လိုက်တဲ့ ထိုစကားက သူ့ရဲ့‌သွေးမို့ မမွေးလာသေးတဲ့ ကလေးလေးကိုပါ ရွံတယ်တဲ့လေ။သူ့ကလေး..သူတို့နှစ်ယောက်ရဲ့ ပေါင်းစပ်မှုကနေ ဖြစ်တည်လာတဲ့ကလေးကိုမှလေ။

မျှော်လင့်ထားသလို သတင်းကြားရရင် ကိုကိုက ပျော်မှာပါဆိုတဲ့အတွေးလေးက ဟိုးအောက်ဆုံး အနက်ဆုံးပင်လယ်ကြမ်းပြင်တွင် ခစားသွားရသည်။ထယ်ယောင်းအဖြစ်က အမြင့်ဆုံးရောက်တဲ့အထိ အဟုန်နဲ့ပျံသန်းနေခိုက် အတောင်ကျိုးလို့ အရှိန်ပြင်းပြင်းပြုတ်ကျသည့်ငှက်တစ်ကောင်နှယ်။

ယောက်ျားလေးတန်မဲ့ အထူးသဖြင့် ထယ်ယောင်းလိုလူက ချစ်ရတဲ့သူရှေ့နောက်တစ်ကြိမ်ထပ်ပြီး မျက်ရည်ကျမိပြန်သည်။ပေါက်ကွဲချင်တာပေါ့။အရာအားလုံးပျက်စီးသွားတဲ့အထိ။ဒါပေမဲ့ သူမလုပ်ရက်ဘူး။သူ ဒီလူ့ကို နည်းနည်း
လေးမှ ထိခိုက်အောင်မလုပ်ရက်ဘူးလေ။

အဲ့ဒီအစား ချက်ချင်းရဲတက်လာသော မျက်သားတွေ၊ထောင်တက်လာသော လည်ပင်းကြောတွေ၊ခက်ထန်လာသောမျက်နှာအမူအရာ‌တွေ၊တင်း
ကျပ်လာသည့်လက်သီးဆုပ်တွေနဲ့သာ ဒေါသတွေ မခံမရပ်ဖြစ်မှုတွေကို မရမကမျိုသိပ်ထားလို့ ပုံမှန်ထက်ပိုကျယ်၍ ခက်ထန်သော အသံဖြင့်သာ ကုတင်ပေါ် ငုတ်တုတ်ထိုင်သူရဲ့ ပုခုံးနှစ်ဖက်ကို ဖိကိုင်ကာ...

"ကိုကို..! ခင်ဗျား ! "

"လွှတ်စမ်း! ငါ့ကို လာမထိနဲ့ !"

"ဘာဖြစ်နေတာလဲ ဟမ် ! ကလေးက ခင်ဗျားရော ကျုပ်ရောရဲ့ သွေးသား ! ခင်ဗျားမို့ ခင်ဗျားမို့လိုဗျာ..! ပြောရက်တယ် ~ "

"ငါကလည်း မင်းနဲ့ ငါနဲ့ သွေးမို့ကို ဖျက်ချမှာ ! မင်း ကလေးလိုချင်တယ်မလား ? သွားလေ သွား ! မင်းရည်းစားဆီ သွား ! ငါ့ဆီ ဘယ်တော့မှ မလာနဲ့ ! "

I Love U More ( Taekook ) ( Completed )Where stories live. Discover now