Ep : 2

6K 428 96
                                    

Unicode

"Daddy!!"

ကင်မ်ထယ်ယောင်းဆိုတာနဲ့ သူ့ရဲ့ဩဇာတိက္ကမအပြည့်နဲ့အသံကိုပါတွဲပြီး မှတ်မိနေကြသလိုပဲ အခုလည်း ဖခင်စကားကြောင့် စိတ်လွတ်ကာ အော်လိုက်တော့ နေဝင်ပြီးခါစမှာ အိပ်တန်းတက်တော့မည့် ကျေးငှက်တို့ပင် ထပျံကြကုန်သည်။
ဖခင်ဖြစ်သူတောင် နောက်ကို ခြေနှစ်လှမ်းလောက်ဆုတ်မိသည်အထိ တုန်လှုပ်စရာကောင်းလွန်းသည်။
ဂျောင်ကုပင်လည်း ခန္တာကိုယ်လေး တုန်တက်ကာ အကြည့်တွေကို ချက်ချင်းရုတ်သိမ်းလိုက်သည်ပင်။

"ဟေ့ကောင်!!"

"ကို တော်ပါတော့ ! သားငယ်လည်း သွားနားတော့! သွား~"

တိတ်ဆိတ်သွားသည့် စက္ကန့်ပိုင်းလောက်အကြာမှာ ဦးလေဆီမှ အသံထပ်ထွက်လာပြီး ဒေါ်ဒေါ်ကလည်း ဆက်မဖြစ်စေရန်နှစ်ယောက် ကြားဝင်ကာ တားတော့မှ ချက်ချင်းအကြည့်တို့ပြောင်းကာ လှည့်ထွက်သွားသည့် ထိုသူ။

"တောက်စ်! မျက်နှာပေးကိုက တ‌စ်လောကလုံး သူ့လုပ်စာစားနေတဲ့အချိုးနဲ့ ထောင့်မကျိုးတဲ့ကောင်! မင်းကများ ဖအေကို အော်လား ဟောက်လားနဲ့ဟမ် ! တစ်စိမှ မလိမ္မာဘူး!"

လှေကားထိပ်ရှိခြေလှမ်းတွေက ရုတ်ချည်းရပ်သွားကာ ဖခင်ဖြစ်သူဘက်သို့ မဲ့ပြုံးတစ်ခုနဲ့အတူ လှည့်ကာပြောလိုက်တဲ့စကားက...

"ဒါဆိုလည်း လိမ္မာလွန်းတဲ့ မွေးစားသားကိုပဲ ပြောပေါ့ဗျာ!"

တဲ့လေ။ ဦးလေးကတော့ ‌တက်တစ်ခေါက်ခေါက်
နဲ့ကျန်ခဲ့ပြီး သူကတော့ တစ်ဒုန်းဒုန်းဖြင့် အပေါ်တက်သွားသည်လေ။

ဂျောင်ကုလည်းပဲ ထိုသူရဲ့ကျောပြင်ကျယ်အား တစ်ဆုံးကြည့်ရင်းတစ်ခုခုအား အသံတိတ်ရွတ်ဆိုလိုက်သည်က အရိုင်းအစိုင်းတဲ့။

.
.
.

မီးရောင်စုံတွေတစ်လက်လက်၊သီချင်းသံတွေ ခပ်မြူးမြူး‌အောက် အလှတရားလေးမျိုးစုံကလည်း တလှုပ်လှုပ်ဖြင့် ခန္တာကိုယ်အား ဘယ်ညာယိမ်းနွဲ့နေပုံမှာ သူတို့အတွက် နိဗ္ဗါန်ရောက်နေသည့်အလား။
ညနက်က လူအများအိပ်ချိန်ဆိုပေမယ့် double  B clubဆိုသည့်နေရာမျိုးရှိ သူများကတော့ ညနတ်သား/သမီးတွေဆိုသည့်အတိုင်း ညနက်လေ ပိုမြူးလေပေါ့။

I Love U More ( Taekook ) ( Completed )Where stories live. Discover now