Unicode
နေဝင်ပြီးခါစ နီဆွေးဆွေးကောင်းကင်ယံထက် လခြမ်းလေးက တဖြည်းဖြည်းပေါ်ထွက်လာသည်။ညအခင်းရဲ့အလှကိုတင်စားတဲ့အခါ မပါမဖြစ်အရာသည် ကြယ်စုဝေးလေးတွေဖြစ်သည်မို့ ကြယ်ကလေးတွေပါ လခြမ်းလေးကို ခြံရံလာသည်။
တစ်စတစ်စနဲ့မှောက်ရိပ်ပျိုးလာသော်လည်း Seoulမြို့ကြီးကတော့ လမ်းမီးတိုင်များ၊အဆောက်အဦးကြီးတွေရဲ့ရောင်စုံအလင်းများ၊လူနေအိမ်များရဲ့ထွန်းလင်းထားသည် အဖြူရောင်မီးများကြောင့် ထိန်ထိန်လင်းနေကာ အေးချမ်းခြင်းအသွင်ဆောင်နေသည်။
သို့သော်လည်း အချိန်တွေတရွေ့ရွေ့မို့ တစ်ဖြည်းဖြည်းမှောင်လာသည်နဲ့အမျှ ဧည့်ခံကျယ်ကြီးတွင် ထိုင်နေသော လူတစ်စု၏မျက်နှာတို့ဟာ ညှိုးနွမ်းကာ စိတ်ပူခြင်းအသွင်ကို တိုးစေသည်။
"သားငယ်က အိမ်ကိုရောက်မှ ပြန်ထွက်သွားပြီး ခုဘာလို့ပြန်မလာတော့တာလဲ? ကို ဖုန်းဆက်ကြည့်ပါအုံးလား?"
"ကိုယ် တစ်နေ့ခင်းလုံး ဆက်တာပဲ..ဒီကောင့်ဖုန်းက ဆက်ပိတ်ထားတယ် ဝမ်ရဲ့.."
"သားကြီးဘက်ကရော ဘာအဆက်သွယ်ရလဲ? "
"မရသေးဘူး မေမေ.."
"ဒုက္ခပါဘဲ! ပုံမှန်ဆိုထားဦး! အခုက ဂျောင်ကုလေးကိုပါ ခေါ်သွားတယ်တဲ့လေ.."
"ဘယ်လို ဂျောင်ကုပါ ပါသွားတယ်!"
"ခြံထဲက အလုပ်သမားတွေပြောတာတော့ ဂျောင်ကုလေးကို သားငယ်ကားပေါ် ပါသွားတာတွေ့တယ်တဲ့..မဟုတ်မှ သားငယ်က ဂျောင်ကုလေးကို နှိပ်ဆက်ဖို့ ခေါ်သွားတာများလား?"
"ကျစ် ဒီခွေးသားကတော့..!"
မနေ့ကတည်းက ရုံးပိတ်ရက်အိမ်ကိုလာမယ်လို့ပြောခဲ့တာကြောင့် သူကိုယ်တိုင်မီးဖိုထဲဝင်ကာ ညီညီ့အတွက်ချက်ပြုတ်ပေးပြီး စောင့်နေခဲ့သော်လည်း မိုးချုပ်သည်အထိ ရောက်မလာတဲ့အပြင် ဖုန်းလည်းဆက်မရ ၊သူငယ်ချင်းတွေမေးတော့လည်း မသိလို့ဘဲ အဖြေရခဲ့သည်။
ဧည့်ခန်းထဲတွင် မိသားစုသုံးယောက်လုံးအတူရှိနေပါသော်လည်း စကားဝိုင်းထဲဝင်မပါဘဲ အမေးအဖြေကိုသာ ခပ်ပြတ်ပြတ်လုပ်ရင်း ဟန်မပျက်ထိုင်နေသည်။
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.