Ep : 34 [ part - 2 ]

4.2K 278 120
                                    

Unicode

အထူးကြပ်မတ်ဆောင်ရဲ့ တံခါးရှေ့၌အနက်ရောင်ဝတ်စုံပြည့်နဲ့ ခပ်ထွားထွားလူနှစ်ယောက်ဟာ သတိအနေအထားဖြင့် ရပ်နေကြပြီး ထိုနှစ်ယောက်ရှေ့တွင်တော့ နီညိုရောင်suitနဲ့ခပ်ချောချောအမျိုးသားက ရှိနေသည်။တိတ်ဆိတ်နေတဲ့ corridorတစ်လျှောက် ထိုသူသုံးယောက်ဆီမှ ထွက်လာသည့် စကားသံအချို့က ဟိန်းခနဲဖြစ်နေသည်။သေချာတာတစ်ခုကတော့ ထိုသုံးယောက်သည် တစ်ခုခုကို ငြင်းခုံနေကြဟန်ပင်။

"မရလို့ပါ သခင်လေးဂျောင်ကုက ဒီအခန်းရှေ့ ကင်မ်ထယ်မင်ရှီးကို ရပ်ခွင့်ပြုမထားပါဘူး!"

"ဘာ ! တောက် !"

မထင်မှတ်ထားသည့် ဘာမဟုတ်တဲ့လူက သူ့အားတားဆီးလာသည့်မို့ တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်မိသလို လက်သီးပါဆုပ်လိုက်မိသည်။ဝင်ခွင့်မပြောနဲ့ ခြေချခွင့်တောင် မရဘူးတဲ့လား။

ဟားး ! ဂျွန်ဂျောင်ကုကတော့ စိတ်ကိုလာဆွနေတာပဲ..!

"အနာတရဖြစ်‌အောင် မလုပ်ချင်တာမို့ ပြန်လိုက်ပါ ကင်မ်ထယ်မင်ရှီး ! "

"ဒီကောင်ကတော့ ဘာအခွင့်ရေးတွေနဲ့ လုပ်ရဲနေရတာလဲ ?"

"ဘာအခွင့်ရေးလေးဆိုတာ ရှင်းပြဖို့အတွက်ခင်ဗျားလိုလူက မတန်ဘူး လူ သတ် သ မား !"

ဂရုမစိုက်စွာ ဆက်တိုးဟန်ပြင်တော့ လူကိုပါတွန်းထုတ်လာသည်။ထယ်မင့်ရဲ့ဒေါသတွေဟာလည်း တစ်ဆက်တည်းဆိုသလို တလိပ်လိပ်တက်လာတော့ နှုတ်ကနေပင် ဂျွန်ဂျောင်ကုအား ထုတ်ပြောမိသည်အထိ။သို့သော် ‌ဘေးဘက်မှထွက်လာသည့် ညင်သာမှုမရှိတဲ့အသံနဲ့အတူ စွတ်စွဲလာသည့်စကားကြောင့် လှည့်ကြည့်မိလိုက်တော့ ထင်တဲ့အတိုင်း သိပ်မုန်းရသူဖြစ်နေသည်။

"မင်း ရောက်လာပြီကိုး ~"

ခွပ်!

ထီမထင်ပုံနဲ့ပြောလိုက်သည့် ထယ်မင်ရဲ့မျက်နှာက အပြုံးစတို့အစား ဒေါသငွေ့တွေကိန်းဝပ်လာလို့ အံတင်းတင်းကြိတ်မိသွားသည်မှာ ပါးပြင်သို့ ရောက်ရှိလာတဲ့ လက်သီးတစ်ချက်ကြောင့်ပင်။အခု ဂျွန်ဂျောင်ကုက သူ့ကိုထိုးလိုက်တယ်တဲ့။

I Love U More ( Taekook ) ( Completed )Where stories live. Discover now