Ep : 17

4.6K 313 228
                                    

Unicode

မနက်ပိုင်း ဘုရားကျောင်းမှာပဲ မိသားစုနှင့်အပေါင်းအသင်းသူငယ်ချင်းတွေသာပါဝင်တဲ့ ကတိသစ္စာပြု လက်ထပ်ပွဲလုပ်ခဲ့ကြသည် ။အခု ညပိုင်းကျ Night Party လုပ်တာဖြစ်သည်။
ဒီပွဲကတော့ စီးပွားရေးပါတနာတွေ၊အပေါင်း
အသင်းတွေအပြင် သတင်းထောက်တွေကိုပါ ဖိတ်တာဖြစ်သည် ။

Royal Gpရဲ့အရှိန်အဝါအတိုင်း ကင်မ်အိမ်တော်ရဲ့ခြံထဲတွင်သာ ကျင်းပတဲ့partyပွဲက သူမတူအောင် ခမ်းနားလွန်းသည် ။ ခြံကြီးတစ်ခုလုံးက ရောင်စုံမီးတွေ တဖျက်ဖျက်၊တေးသံသာတို့ တလွင့်လွင့်ဖြင့် စန္ဒာကူသောကောင်းကင်အောက်တွင် ရှူမငြီးအောင်ပင်။သို့ပေမယ့် ကင်မ်အိမ်တော်ကလူတွေနဲ့ သာရင်းနှီးတဲ့ဂျောင်ကုအတွက် အချိန်ကြာလေ စိတ်ရှုပ်လာလေဖြစ်သည်မို့မျက်နှာဥဥလေးတွင် ချွေးသီးလေးတွေပင် ခိုကပ်နေသည် ။

ခုထိလည်း အရိုင်းအစိုင်းလက်ဆွဲခေါ်ရာနောက် တကောက်ကောက်လိုက်နေရသည်မှာ ထိုင်ပင်မထိုင်ရသေး ။ ကြာတော့ ဂျောင်ကုမခံနိုင်တော့ ။
ထို့ကြောင့် ဧည့်သည်အချို့နဲ့စကားလက်ဆုံနေသည့် အရိုင်းအစိုင်းရဲ့ နား နားသို့ကပ်လိုက်ကာ...

"ကင်မ်ထယ်ယောင်း ~ ငါအသက်ရှူကြပ်လာပြီ ခဏလောက် လေသွားရှူချင်တယ် ~"

"ဘယ်ဘက်သွားမှာလဲ ?"

"ဟို ရေကူးကန်ဘက် ~"

"‌အင်း ခဏနေရင် လိုက်လာခဲ့မယ် ~"

ထယ်ယောင်းနားကပ်ပြီး ခပ်တိုးတိုးပြောလာတဲ့ဘေးကလူကြောင့် ပြောလက်စကိုရပ်ကာ ကြည့်မိတော့ တကယ်မွန်းကြပ်နေဟန် ချွေးစေးတွေပင်ထွက်လို့။သူပါလိုက်သွားချင်ပေမယ့် ဧည့်သည်အချို့နဲ့မပြတ်သေးတာကြောင့် နေရာမေးပြီးသာ ဆုပ်ကိုင်ထားတဲ့လက်သွယ်သွယ်ကို လွှတ်ပေးလိုက်သည် ။

" ဒုဥက္ကဌကင်မ်ကတော့ တကယ့်အချောလေးရထားတာပဲဗျာ ! "

"ဟုတ်ပဗျာ အားတောင်ကျတယ် ! "

"အိမ်မှာ ဘယ်ကတည်းက ဥထားတာတုန်း!နောက်ဆုံးမှ ထုတ်ပြတယ်ပေါ့ ! "

"အဟက် ! "

ထွက်သွားသောကျောပြင်ငယ်အား တစိမ့်စိမ့်ကြည့်ရင်း ဘေးနားက ဧည့်သည်အချို့ရဲ့စကားကို အဖြေပြန်မပေးဘဲ နှုတ်ခမ်းလှုပ်ရုံသာပြုံးလိုက်ပြီး လက်ထဲရှိ ပြင်းရှရှဝိုင်နီအချို့ကို မော့ချလိုက်သည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now