Unicode
ခပ်နွေးနွေးလေထုကိုလွမ်းခြုံနေသော ဆေးရနံ့ .. ခပ်တိုးတိုးထွက်လာသည့် ငိုသံသဲ့သဲ့က အဖြူရောင်အခန်းငယ်ကို ကိုယ်စားပြုသည်။
ထိုအခန်းရဲ့အလယ်ရှိ ကုတင်ထက်တွင်တော့ အမျိုးသားတစ်ဦးသည် ကြေကွဲဖွယ်ရာ မျက်ဝန်းအစုံဖြင့် သူ့လက်ထဲတွင်ထွေးပွေ့ထားသည့် အနှီးထုပ်လေးအား ကြည့်ကာ စကားတွေတဖွဖွဆိုနေရှာသည်။
မျက်ရည်မလွယ်တဲ့ထိုလူသား..အရာရာကို အရွဲ့တတ်တဲ့ထိုလူသား..ဘယ်သူမှ ဂရုမစိုက်တဲ့ထိုလူသားက ချစ်ရသူတွေအတွက်ဆိုရင်တော့ ပြောင်းပြန်အချိုးကျပါသည်။
"တောင်းပန်ပါတယ် ဒယ်ဒီ့သမီးလေးရယ် ~ "
အနှီးထုပ်လေးထဲက သမီးလေးသည် သိပ်ချစ်စရာကောင်းသည်။အသားရည်လေးက ဖြူဥပြီး ထိရက်စရာမရှိလောက်အောင်ကို နူးညံ့လွန်း၍ ထယ်ယောင်းလက်နဲ့ထိမိရင် နီရဲသွားမှာစိုးလို့ ခပ်ဖွဖွလေးသာ ချီထားရသည်။
ထာဝရပိတ်ကားချထားပြီဖြစ်သော မျက်ဝန်းအိမ်ကို ဝန်းရံထားသည့် မျက်တောင်လေးတွေက ခပ်ကျဲကျဲ၊ အထူအပါးညီသော ကကြီးပုံ ရဲစိုနေသည့် နှုတ်ခမ်းလေးက ကိုကိုနဲ့သိပ်တူသည်။မိုချီလုံးလေးလို လုံးတစ်နေသည့် ပါးမို့လေးနဲ့ သမီးလေးက နဂိုအညိုရောင်ဆံနွယ်ကောက်ကလေးတွေကြောင့် အရုပ်မလေးနဲ့တူလွန်းလှသည်။
အသားလေးတွေက ခုထိနွေးနေတုန်းပင်။မသိရင် ထယ်ယောင်းလက်ပေါ်မှာ အိပ်မောကျနေသည့်အတိုင်း။တကယ်တမ်းကျ သမီးလေးဟာ နှလုံးမခုန်တော့ပါ။အရင်လတွေက ကြားခဲ့တဲ့ တစ်ဒုတ်ဒုတ်အသံလေးဟာ အခုတော့ ထာဝရငြိမ်သက်သွားလေပြီ။
"ဒီဘဝမှာ ဒယ်ဒီတို့နဲ့ တွေ့ဆုံခွင့်ကံက နည်းလိုက်တာ ~ "
အနှီးထုပ်လေးထဲက သမီးလေးရဲ့ပါးနုနုလေးထက် မျက်ရည်စက်တို့ကျစေလို့ဆိုသည်။တကယ်ပဲ လူ့လောကထဲကို အလည်ရောက်လာခဲ့တဲ့သမီးလေးကို အချိန်ခဏလေးပဲတွေ့ခွင့်ရှိသည်။
မတရားလိုက်တာ။သူနဲ့ကိုကို အရမ်းကိုမျှော်လင့်ထားခဲ့မိတာ။အခုတော့ သူတို့မျော်လင့်ခဲ့တဲ့ ကမ္ဘာငယ်လေးထဲကနေ သမီးလေးက ဝင်မလာခင်ဘဲ ထွက်သွားသည်။
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.