Ep : 15

4.7K 325 295
                                    

Unicode

"ကိုယ့်ကို လက်ထပ်ပါအငယ်~"

အားလုံးရှေ့မှ ခြံဝန်းတစ်နေရာထိ လက်ဆွဲခေါ်လာတဲ့ သူဆီမှပထမဆုံးထွက်လာခဲ့သောစကားပင်။ကိုယ်တိုင်က မဟုတ်တာလုပ်ခဲ့တာ မမှန်သော်လည်း မျက်နှာချင်းမဆိုင်ဝံ့တာမို့ ခေါင်းငုံ့ထားရာမှ ချက်ချင်းဆိုသလို ရှေ့ရှိလူသားအား မျက်ဝန်းဝိုင်းဖြစ်ကြည့်လိုက်မိသည်။

"ဘယ်လို!"

"ညီညီကို အငယ် မချစ်မှန်း ကိုယ်သိတယ်~ခုကိစ္စက အငယ့်ဘက်က ငြင်းလည်း ညီညီကမရမကဆက်တိုးနေမှာ..ဒါကြောင့် ကိုယ်တို့ လပ်ထပ်လိုက်ရအောင်နော်~"

အမြဲလိုလိုပကတိတည်ငြိမ်နေခဲ့သည့်မျက်နှာချောချောဟာ ယခုချိန်မှာတော့ တုန်လှုပ်နေဟန်။
တစ်ခုခုကို ဆုံးရှုံးရမည်ကိုကြောက်ရွံ့နေဟန်ပင်။
နဂိုဖြူသောအသားရည်ထက် ပိုဖျော့နေသောမျက်နှာ၊ထိတ်လန့်နေဟန်ရှိသည့်မျက်ဝန်းများကြောင့် ဂျောင်ကုတွေးလိုက်မိသည်က
' အခု ကိုကိုကြီးက သူ့ကို ဆုံးရှုံးရမှာ ကြောက်နေတာလား ' တဲ့လေ။

ဒါဆို ဂျောင်ကုရော...
လက်တွေ့မှာပင် မဆိုထားနဲ့ စိတ်ကူးထဲမှာတောင် ဝေးဖို့အကြောင်း မစဉ်းစားရဲခဲ့ပါ။
ဒါပေမယ့်လည်း...ဖြစ်မှ မဖြစ်နိုင်တော့တာ!

"ကိုကိုကြီးရဲ့ညီနဲ့ အတူအိပ်ခဲ့တဲ့လူတစ်ယောက်ကို ကြည်ဖြူပေးနိုင်လို့လား? ကျွန်တော်က မသန့်စင်တော့တဲ့ လူတစ်ယောက်လေ.."

"အဲ့ဒါတွေက အရေးကြီးလို့လား အငယ်~အဓိက က အငယ်ဖြစ်နေဖို့ပဲ ကျန်တာတွေမလိုဘူးလေ~"

"လိုတယ်! ကျွန်တော့် အတွက် သိပ်ကိုလိုတယ်! ဘယ်လိုစိတ်နဲ့များ ဒီရွံစရာကောင်းတဲ့ ကိုယ်နဲ့ ကိုကိုကြီးအနား အရှက်မရှိနေရမှာလဲ? ကျွန် ကျွန်တော် မလုပ်နိုင်ဘူး~"

‌လေသံမြင့်၍ပြောနေရာမှ တဖြည်းဖြည်းတိမ်ဝင်သွားသော အသံက ငိုချင်နေတာတောင် ချုပ်တည်းထားဟန်ပင်။

ဟင့်အင်း ! ကိုကိုကြီးက ကြည်ဖြူရင်တောင် ဂျောင်ကုဘယ်လိုမှ လက်မခံနိုင်။ပိုလို့ပင် အားနာစိတ်ဖြစ်မိသည်။ပြီးတော့ ဘယ်လိုမျက်နှာနဲ့ သားတစ်ယောက်နဲ့အိပ်ခဲ့တဲ့သူက ကျန်သားတစ်ယောက်နဲ့ လက်ထပ်ပြီး လူကြီးတွေကိုမျက်နှာပြရမှာလဲ။ကိုကိုကြီးကိုလည်း သူ့ကြောင့်နဲ့ အနစ်မွှန်းမခံချင်သလို သူကိုယ်တိုင်လည်း ဒီမသန့်ရှင်းတဲ့ကိုယ်နဲ့ ထိတွေ့ဖို့ကိုပင် စိုးရွံ့နေမိသည်။
ရှင်းရှင်းပြောရရင် ကိုယ့်ကိုယ်ကို မသတီတော့တာ!

I Love U More ( Taekook ) ( Completed )Where stories live. Discover now