Unicode
အဟမ်း ! အတာ့ရဲ့ လေးခုမြောက်ဇာတ်လမ်းလေးဖြစ်တဲ့ ILUMလေးက ဒီနေ့တော့ လုံးဝပြီးသွားပါပြီ။extraဆိုတာထက် ကင်မ်က သူ့ကိုကိုကို ဖွင့်ပြောတာလေးကိုပဲ ရေးလိုက်တာပါ။ဇာတ်လမ်းလေးက ရိုးရိုးလေးပါပဲ။ဒါပေမယ့် အတာရှင်းပြချင်တာလေးတွေလည်းရှိပါတယ်။
ပထမဆုံအနေနဲ့ ထယ်ယောင်းက ဂျောင်ကုကို ခိုးပြေးတာလေးပါ။ပုံမှန်ဆို တစ်ဖက်ကအလိုမတူရင် rapeမှုမြောက်ပါတယ်။ဒီထဲမှာလည်း ဂျောင်ကုကအလိုမတူပါဘူးနော်။ဒါပေမယ့် ကင်မ်က ရယူလိုက်တယ်ပေါ့။Characterအရ ကင်မ်က assholeဆန်ပေမယ့် ကာမကိစ္စမှာ သူ့ဘက်ကလွန်တာမျိူမရှိပါဘူး။နှစ်ဦးသဘောတူပါပဲ။ဒါပေမယ့် ဂျောင်ကုကို သူရယူတယ်ဆိုတာ ပိုင်ဆိုင်ချင်စိတ်ကြောင့်ပါ။ပြောခဲ့ဖူးတဲ့အတိုင်း ကင်မ်က စိတ်အတတ်အကျတအားမြန်တာမို့ သူ့ကိုမခံနိုင်အောင် စကားနဲ့ထိုးနက်တဲ့အခါ ချစ်တဲ့စိတ်နဲ့ကျူးလွန်မိတာမျိုးပါ။ဘယ်လိုပဲဖြစ်ဖြစ် ပြစ်မှုမြောက်ပေမယ့် အတာဖြစ်စေချင်တာက ကင်မ်ကိုနားလည်ပေးစေချင်ရုံပါ။MCကို rapistဆိုပြီးမမြင်စေချင်ပါဘူး။အတာ့စိတ်ရင်းမှာလည်း ကင်မ့်ကို ထိခိုက်လိုစိတ်လုံးဝမရှိတာကို သိစေချင်ပါတယ်။
ဒုတိယအချက်ကတော့ အတာ့ဇာတ်က ရိုးပေမယ့် ယုတ္တိသိပ်မရှိဘူးပေါ့နော်။ဒါကတော့ male pregnantကြောင့်ပါ။တကယ့်လက်တွေ့မှာ မွေးရာပါ သားအိမ်ပါတဲ့အမျိုးသားဆိုတာမရှိသလို ပါခဲ့ရင်တောင် မွေးလမ်းကြောင်းမရှိလို့ လုံးဝေမွမရပါဘူး။သားအိမ်အစားထိုးတာတစ်ခုကပဲ ကိုယ်ဝန်ဆောင်နိုင်တာပါ။ဒါတောင် သားအိမ်ထည့်တဲ့အမျိုးသားက ခန္ဓာကိုယ်ပြောင်းလဲတွေလည်း ပြုလုပ်ရပါတယ်။များသောအားဖြင့် transgenderကပဲ ဆောင်နိုင်တာမျိုးပါ။ဒီဇာတ်လမ်းထဲမှာတော့ plotလေးချထားတဲ့အတိုင်းရေးတာမို့ နားလည်ပေးစေချင်ပါတယ်ရှင်။
တတိယကတော့ comaဝင်တာပါ။ဂျောင်ကုအဖေက ဒီထဲမှာနှစ်တွေအကြာကြီး comaဝင်ခဲ့တာပါ။ဒါကို တချို့ကမဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် အပြင်လောကမှာ အကြာကြီးcomaဝင်တာမျိုးရှိပါတယ်။မှတ်တမ်းအရဆို 27နှစ်အကြာcomaဝင်ပြီး ပြန်နိုးလာတာမျိုးရှိပါတယ်။
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.