Present 🎁

5.1K 257 68
                                    

Unicode

ပိတ်စည်းထားသောပိုးဖဲသားကြောင့် ဂျောင်ကုမျက်ဝန်းအစုံဟာ အလင်းမရခဲ့ပါ။ကိုယ့်လက်ကိုယ်ခြေဖြင့်ဖြည်ပစ်ဖို့ကြိုးစားပေမယ့် ဘေးကနေ လက်အားတစ်ဖက်စီကိုင်ချုပ်ထားသည့် အမည်မသိလူနှစ်ယောက်ကြောင့် တုပ်တုပ်ပင်မလှုပ်ရဲ။တရွေ့ရွေ့ဖြစ်နေသည့်ခံစားချက်ကြီးကြောင့်သာ ကားမောင်းနေမှန်းသိရတာဖြစ်သည်။ဂျောင်ကု ကြောက်သည်။မောင်ကလည်း ခုဆိုစိတ်ပူနေလောက်ပြီ။ဘီဘီကလည်း သူ့ကိုမတွေ့လို့ ငိုနေရောပေါ့။

"ဒီမှာ ကျွန်တော့်ကိုခုနေလွှတ်ပေးရင် ခင်ဗျားတို့အတွက် ‌အကောင်းဆုံးဖြစ်လိမ့်မယ်နော် ~"

"မလွှတ်ပေးတော့ မင်းကဘာလုပ်နိုင်မှာမို့လို့လဲ ?"

"မောင် မောင်နဲ့တိုင်ပြောမှာ ~"

"ဟက် ! ဟက် !"

ဂျောင်ကုက လက်ဖျားလေးတွေတုန်နေပေမယ့် စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထားကာ အေးဆေးစွာပြောလိုက်ပေမယ့် အသံဩဩထွက်‌လာသည့် ကားအရှေ့ခန်းကလို့ ထင်ရတဲ့သူက မတုန်လှုပ်။

တကယ် မောင်နဲ့တိုင်ပြောပစ်မှာ !

ခင်ဗျားတို့ကို မညှာဘူးမှတ် !

ဂျောင်ကုကသာ စိတ်ထဲရော အပြင်မှာပါ ထုတ်ပြောပေမယ့် ထိုလူရဲ့ ခပ်ဟဟ ရယ်သံသာကြားရသည်မို့ ငိုချင်လာသည်။မနက်က မောင်အလုပ်သွားတာနဲ့ ဂျောင်ကုခြံထဲဆင်းကာ စာဖတ်နေရာကနေ ထိုအခြေအနေကိုရောက်ရှိခဲ့တာဖြစ်သည်။ကိုယ့်ခြံ ကိုယ့်ဝန်းမို့ စိတ်အေးလက်အေးထားကာ ဒန်းပေါ်ထိုင်လို့စာဖတ်နေတုန်း တစ်စုံတစ်ယောက်က သူ့အနောက်ကနေ နှာခေါင်းပေါ်သို့ လက်ကိုင်ပဝါကို အုပ်ပစ်လိုက်တာဖြစ်သည်။ဂျောင်ကုရုန်းပေမယ့် တဖြည်းဖြည်းအားလျော့လာကာ မျက်ဝန်းတွေမှိတ်ချသည်အထိဖြစ်ခဲ့ပြီး သတိရတော့ အခုလိုကားပေါ်ကိုရောက်‌နေတာဖြစ်သည်။မဟုတ်မှ မောင့်ရဲ့ လုပ်ငန်းက ပြိုင်ဘက်တွေကလား..?

ကျွီ__ !

"ဆင်းလို့ရပြီ ~"

အတွေးများနေရာက ရပ်သွားသည့်ကားအဆုံး ဘေးကလူနှစ်ယောက်က ဂျောင်ကုကိုထိန်းပေးကာ ကားပေါ်ကဆင်းခိုင်းလာသည်။ဂျောင်ကုဖိနပ်လေးက လမ်းပေါ်သို့ခြေချလိုက်သည်ဆိုလျှင်ပဲ ထိုလူနှစ်ယောက်ထဲက တစ်ယောက်က မျက်လုံးအား ပိတ်စည်းထားသည့် အရာအားဖယ်ရှားပေးလာသည်။တစ်ပြိုင်နက်ထဲဆိုသလို လက်ထဲကိုပါ ခပ်သေးသေးပစ္စည်းလေးတစ်ခုထည့်ပေးလာသည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now