Unicode
"ပြွတ်စ်!"
ရင်ခွင်ထဲကသူကို လွတ်မထွက်သွားရန် ကိုယ်ချင်းအတင်းဖိကပ်ကာ နမ်းနေရင်းမှ မျက်နှာ
ချင်းဆိုင်ဖြစ်နေသော ကင်မ်ထယ်မင်ကို မြင်လိုက်တော့ ထယ်ယောင်းမျက်ဝန်းတွေက လှောင်ရိပ်တွေနဲ့အတူ စူးရဲနေသည်။ကင်မ်ထယ်မင်ကတော့ သနားစရာကောင်းအောင် မျက်ရည်တွေ ဝဲလို့!
ကျေနပ်လိုက်တာ..!
"ဟက် ! မြင်ရဲ့လား ? ကင်မ်ဂျောင်ကုကို ကြိုက်တဲ့နေရာမှာ ကြိုက်သလိုလုပ်ပိုင်ခွင့်ရှိတာ ကျုပ်တစ်ယောက်တည်းပဲ ဆိုတာ ! ခင်ဗျားရဲ့ ဦး
နှောက်ထဲ စွဲနေအောင် မှတ်ထား ! "အချိန်တစ်ခုကြာတော့ အနမ်းတို့ကိုရပ်ဆဲကာ ရှေ့ကသူကို လက်ညှိုးငေါက်ငေါက်ထိုးရင်း တစ်လုံးချင်းဖိပြောသည်။ထိုအပြောတွေနဲ့ လေသံက ကင်မ်ဂျောင်ကုဟာ သူ့အပိုင်ဆိုပြီး ကြွေးကြော်မှုတွေသာ ပြည့်နက်နေသည်။
"သွားမယ်လာ ! ဒီနေ့ ခင်ဗျားရော ကျုပ်ရော အလုပ်မသွားတော့ဘူး! "
" ကိုကို ! နေဦးလေ! "
"ကိုကို..! ဘေဘီကို စောင့်အုံးလို့ !"
"မထိနဲ့ လွှတ် ! ငါ့ဘာသာ လိုက်မယ် !"
နောက်က တကြော်ကြော်ခေါ်ကျန်နေခဲ့တဲ့အသံတွေကို လျစ်လျူရှုလို့ ဒီလူ့လက်အားဆွဲကာ ကားရှိရာ ခေါ်လာခဲ့သည်။ငြိမ်ကျသွားတဲ့သူကတော့ သူ့ရဲ့ရုတ်တရက်ကြမ်းတမ်းမှုအပေါ် ဒေါသပိုဖြစ်ဟန် အတင်းရုန်းသည်။မရနိုင်မှန်း သိရက်နဲ့ကို အသားအနာခံပြီး ရုန်းနေတာ။
တကယ် ခေါင်းမာလွန်းတယ် ..!
"ပွေ့ခေါ်မှ ရမှာလား ခင်ဗျား !"
ခုချိန် သူက ညင်သာနေရင် အိမ်ရောက်မည်မဟုတ် ကြမ်းမှဖြစ်မည်။နဂိုတည်းကလည်း စိတ်ရှည်တဲ့ကောင်မဟုတ်တော့ လက်ဆွဲလို့ ခေါ်နေရင်းမှပင် အသံကို မြင့်ကာ အော်လိုက်မိသည်။ထိုအခါ ငြိမ်ကျသွားတဲ့သူက အိမ်ရောက်ရင် ထယ်ယောင်းကို ကောက်တော့မှာ အသေအချာ။
ဒီလူက ခေါင်းတင်မာတာမဟုတ် ကောက်ရင်လည်း ထယ်ယောင်း ဒီလူ့ရှေ့ ရပ်နေရင်တောင်မမြင်ချင်ယောင်ဆောင်သွားတဲ့ သူမျိုး..!
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.