Ep : 22

5.2K 313 293
                                    

Unicode

ခဏနေရင် VIPဧည့်သည်နှင့် တွေ့ဖို့ရှိတာကြောင့် ဆွေးနွေးမယ့် projectကို ထယ်ယောင်းအာရုံစိုက်ကာ ဖတ်နေတော့ ဆိုဖာပေါ်တွင် ထိုင်နေသူကို သတိမထားမိ။အချိန်တစ်ခုလောက်ကြာမှ တပ်ထားသည့် စာကြည့်မျက်မှန်လေးအား ချွတ်ကာ စားပွဲပေါ်တင်ပြီးတာနဲ့ စာအုပ်ဖတ်နေသူဘေး ဝင်ထိုင်လိုက်သည်။

"ပျင်းနေပြီလား ?"

အိခနဲဖြစ်သွားသော လှုပ်ရှားမှုနဲ့အတူ ရင်းနှီးနေပြီဖြစ်တဲ့ကိုယ်သင်းနံ့ကြောင့် လှည့်ကြည့်စရာမလိုဘဲ ဘယ်သူဆိုတာအတတ်သိသည်။ဂျောင်ကုက ဂရုမစိုက်ဘဲ ဟင်းချက်စာအုပ်ကိုသာ ဆက်ဖတ်နေတော့ ဘေးကအရိုင်းအစိုင်းက သက်ပြင်း
ချရင်း ညင်ညင်သာသာမေးလာသည်။

ဟွန့် ! အခုမှ မေးဖော်ရသည်။ ခြေထောက်ခလုတ်တိုက်တဲ့နေ့ကတည်းက ဂျောင်ကုအလုပ်မသွားရတော့တာ ဆယ်ရက်ရှိပြီဖြစ်သည်မို့ ဒီနေ့သူနဲ့ ရုံးကို လိုက်ရမယ်ဆိုပြီး လူကိုမရမက ခေါ်လာသည်။မလိုက်ဘူးဆိုလည်း မရတော့ နောက်ဆုံး လက်လျှော့ကာ လိုက်လာခဲ့ရသည်။ရောက်တော့လည်း သူ့ကိုမုန့်တွေသာ စားခိုင်းပြီး ရုံးခန်းထဲမှာ လှောင်ထားသည်။အပြင်လေးတောင် သူမပါဘဲ မထွက်ရဘူးတဲ့လေ။

တကယ်မကောင်းတဲ့ကောင်..!

ဂျောင်ကု စိတ်ပေါက်ပေါက်ဖြင့် ဘေးကသူကို ဘုကြည့်ကြည့်ပြန်ကြည့်ပေးလိုက်ကာ...

"အရူး ဘာလို့ခုမှလာမေးလဲ ? အစကတည်းက မင်း အလုပ်ကို မလိုက်ချင်ပါဘူးဆို ! "

"အိမ်မှာဆို ပိုပျင်းမှာလေ ~ ဒီမှာ မောင်နဲ့ အတူတူ ဘာလေးညာလေး လုပ်လို့ရတာပေါ့ ~ မဟုတ်ဘူးလား ကိုကို ?"

"ဘ ဘာ..! မင်း လူညစ်ပက်ကောင် !"

"‌ရေချိုးထားပါတယ် ကိုကိုရဲ့ ! မယုံရင် နမ်းကြည့် !"

ကိုကို မလိုက်ချင်တာသိပေမယ့် အိမ်မှာလည်း မထားခဲ့ချင်တာကြောင့် အတင်းခေါ်လာရသည်။အခုတော့ သူ့ကို ကောက်ပြီး အရေးမလုပ်တော့။ကိုယ်ငယ်လေးအား လက်နှစ်ဖက်ဖြင့် အတင်းဆွဲဖက်လို့ ဆူထွက်‌နေသည့် နှုတ်ခမ်းချွန်လေးအနား သူ့နှုတ်ခမ်းကိုပါ ထိလုမတက် ကပ်ဆူကာ မျက်စပစ်လို့ ပြောလိုက်တော့ ထင်တဲ့အတိုင်း သူရှက်ပြီလေ။

I Love U More ( Taekook ) ( Completed )Where stories live. Discover now