Ep : 32

4.7K 282 153
                                    

Unicode

ဘီယာဘူးခွံတွေက ဟိုတစ်ပုံ ဒီတစ်ပုံနဲ့ဆေးလိပ်ငွေ့တွေက ဧည့်ခန်းတစ်ခုလုံးမွှန်ထူနေသည့်အဓိကတရားခံမှာ ကင်မ်ထယ်ယောင်းပင်ဖြစ်သည်။ဘယ်လောက်သောက်သောက် ရင်ထဲကဝေဒနာတွေဟာ လျော့မသွားဘဲ ပိုတိုးလာသလို ရှူထုတ်လိုက်တဲ့အငွေ့တွေထဲမှာလည်း ပါမသွားပြန်ဘူး။

ညနေကတည်းက ဆုံနေကျအိမ်မှာရောက်လာပြီး တောက်လျှောက်သောက်နေခဲ့တာဖြစ်သည်။ခုထိလည်း သောက်နေဆဲပင်။ရင်ဖွင့်စရာဆိုလို ဂျီမင်တို့သာရှိတာကြောင့် ဖြစ်သမျှကိုပြောပြပြီးပြီမို့ ဇာတ်ရည်လည်းအတော်လည်နေပြီဖြစ်သည်။ဒီကောင်ကြီးက သွေးပူနေတုန်းမို့ နားချကြည့်ပေမယ့်လည်း အရာမရောက်သေးပါ။

"ဟေ့ရောင် မင်း မပြန်သေးဘူးလား ?"

"ဒီည တစ်ညလုံးသောက်မှာ !"

"ထယ်ယောင်း ! အဲ့လို ရှောင်မနေစမ်းပါနဲ့ကွာ ! မင်း ပြတ်ပြတ်သားသား လုပ်ရမှာပေါ့ ! ရင်ဆိုင်ရမှာကွ !"

ဟုတ်သည်။ဒီကောင်ကြီးစိတ်ထဲ ဘာတွေတွေးနေလဲသေချာမသိပေမယ့် ဒီကိစ္စက အခုလိုရှောင်နေလို့မှမရတာ။ဘာမှမသိသေးတဲ့အစ်ကိုဂျောင်ကုဆိုထားအုံး။အခု ဒီကောင်ကြီးက ဖြစ်နေတာ။
ကင်မ်ထယ်မင်ရဲ့အကြောင်းလည်း သိနေကြတာပဲလေ..ဒီလူက ဒီလိုမြင်လို့ တမင်လုပ်ခဲ့တဲ့ကို သိရက်နဲ့ အရမ်းကြီးခံစားနေတာကိုက ခက်တာဖြစ်သည်။

ဂျီမင်က ပြောတော့ ဟိုဆော့ကလည်း မှိုင်နေတဲ့ ထယ်ယောင်းရဲ့ပုခုံးက တစ်ချက်ပုတ်လိုက်ကာ...

"ဟုတ်တယ် ထယ်ယောင်း ! အစ်ကိုဂျောင်ကုက မင်းကို ချစ်တာသိနေတာပဲကွာ ! တွေဝေမနေပါနဲ့!"

ဒုန်း..!

ဟိုဆော့စကားဆုံးတော့ ထယ်ယောင်းက စားပွဲခုံကြီးအား ခပ်ကြမ်းကြမ်းထုချလိုက်သည်။

ပေါက်ကွဲထွက်တော့မယ်။အချစ်ဦးအတွက်နဲ့ ချစ်ပါတယ်လို့ဝန်ခံထားတဲ့သူ့ကို တွန်းထုတ်လိုက်တာလေ။ထယ်ယောင်းမခံစားသင့်ဘူးလား။အဲ့ကတည်းက အဖြေကရှင်းရှင်းလေး။ဒီလူ့ကို သူ့ထက်ပိုချစ်နေတာ။ချစ်နေတုန်းဆိုတာ ထယ်ယောင်းသိသည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now