[ This part contains mature contents.So if you're under 18 years old, then be good babies and don't read ]
Unicode
"အင့် ! ဘဲပေါက်လေးကလည်း မောင့်ကို လွမ်းတာပေါ့ ~ "
သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လို့ ခပ်တိုးတိုးဆိုလိုက်သော ထိုစကားတွေက ထယ်ယောင်းရဲ့တောင့်ခံထားတဲ့စိတ်တွေကို အလဲလဲအပြိုပြိုဖြစ်စေသည်။သူ့အချစ်ကို တန်ဖိုးမဲ့တယ်လို့ ရက်ရက်စက်စက်ပြောထွက်သူ၊သွေးသားတောင် ရွံတယ်လို့ ပြောရက်သူအပေါ် တစ်စိုးတစ်စိမှ စိတ်မနာနိုင်သေးဘဲ ချစ်မြဲတိုင်းချစ်နေတာကို ကိုယ့်ကိုကိုလည်း အံ့ဩလို့မဆုံးပါ။ခုလို အနာပေးလိုက် ဆေးပေးလိုက်လုပ်နေတာတောင် ဒီကောင်မှာ ရူးမတက်ရင်ခုန်တုန်း။
စိတ်ကိုဖြေဆည်နိုင်ဖို့ရော ဒီလူမကြိုက်မှာစိုးတာရောကြောင့် ခပ်ဝေးဝေးမှာ နေခဲ့ပေမယ်လို့ ဒီလူကိုယ်တိုင်က အတင်းလှမ်းဝင်လာတော့ ထယ်ယောင်းရဲ့အရာအားလုံးကို ထပ်ပြီးအပ်နှံမိပြန်တာပေါ့။
"ဂျွန်ဂျောင်ကု ! ခင်ဗျား အခုဘာပြောလိုက်တယ်ဆိုတာရော သိရဲ့လား ?"
"သိပ်သိတာပေါ့ ~ ငါ မောင့်ကို လွမ်းနေတာလေ ~"
"ဘာ..!"
"ပြီးတော့ ငါ့နှလုံးသားက ပြောတယ်သိလား ? အဲ့တာက ငါ မောင့်ကို သိပ်ချစ်တယ်တဲ့လေ ~ "
သူ့ရဲ့စကားတွေကို မောင်ကမထင်မှတ်ထားဘူးထင်ပါရဲ့ ဂျောင်ကုကို ရင်ခွင်ထဲကဆွဲထုတ်လို့ မျက်နှာနှစ်ခုနီးကပ်သည်အထိ မျက်နှာချင်းဆိုင်လိုက်ကာ ဆိုလာသည်။ဂျောင်ကုကလည်း ဆုံးဖြတ်ထားပြီးပြီမို့ ဒီနေ့သူခံစားချက်အကုန်ကို ဖွင့်ထုတ်ဖြစ်ဖို့ဆန္ဒရှိသည်။ထို့ကြောင့်ပဲ သူထိုစကားလေးကိုဆိုသည်။မောင့်မျက်နှာကိုမကြည့်ဘဲနဲ့ပေါ့။သူရှက်တယ်လေ။
"မှန်မှန်ပြောစမ်း ! အခု ကျုပ်နှလုံးသားကို ကစားဖို့ ကြံနေတာလား ? သတ်ပစ်မှာနော် !"
"ငါက မောင့်ထက်အကြီးနော် ~ မောင် ငရဲကြီးမှာပေါ့ ~ ဒါပေမယ့် မောင်သတ်ချင်ရင် သတ်လိုက်ပါ ~ ငါ မောင်နဲ့အတူ ငရဲလိုက်ခဲ့မယ်လေ ~"
"ဂျွန်ဂျောင်_အု "
"ပြွတ်စ်! ချစ်တယ် !"
အတင့်ရဲလိုက်တာ။ဒီကင်မ်ထယ်ယောင်းရဲ့နှုတ်ခမ်းကို ခွင့်ပြုချက်မရှိဘဲ နမ်းတယ်တဲ့။ဒီလိုလုပ်ရဲတာကလည်း အခြားသူမဟုတ် သူ့ရဲ့ကိုကို။
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.