Unicode
မှာထားသော ကော်ဖီခွက်လေးနှစ်ခွက်က သောက်သူမဲ့လျက် အထီးကျန်နေတုန်း။မျက်နှာချင်းသူနှစ်ယောက်ရဲ့အကြည့်တွေကလည်း မေးခွန်းတွေ အဖြေတွေပြည့်လျက်။စကားတစ်ခွန်းအဆုံးမှာ တိတ်ကျသွားသောဝန်းကျင်ကြောင့်ဆို ပိုမှန်လိမ့်မည်။
"အမှန်တရား ?"
ကိုယ်ကပဲ တုံးအလွန်းတာလား။သူတို့တွေကပဲ လည်လွန်းတာလားမသိပေမယ့် သေချာတာတစ်ခုကတော့ ဂျောင်ကုရဲ့အနားမှာရှိနေသည့်လူတွေတိုင်းမှာ လျှို့ဝှက်ချက်တွေသိပ်များဟန်ပါပဲ။ပထမကတော့ မောင်။သူ့ကိုမုန်းသလိုလိုနဲ့ တကယ်တမ်း သိပ်ချစ်နေပါတယ်တဲ့လေ။အခုလည်းလာပြန်ပါပြီ နောက်တစ်ယောက်။ဘာတွေဖွင့်ချအုံးမလဲ မသိ။သို့ပေမယ့် သိပ်သိချင်တယ်ဆိုတာဝန်ခံပါသည်။စပြီး ဖုန်းဆက်လာကတည်းက မောင်နဲ့ပတ်သက်တယ်ဆိုတာက တစ်ကြောင်းမို့ အဓိပ္ပါယ်ပါလှသည့်စကားလေးနောက်ကွယ်မှာ ဘာတွေများရှိနေမလဲဆိုတာ ဂျောင်ကုရဲ့မျက်ဝန်းတွေနဲ့တင် အဖြေပေါ်ပါသည်။
ရိပ်မိသူကလည်း ဂျောင်ကုရဲ့ သံယောင်မေးခွန်းလေးကြောင့် ခေါင်းတစ်ချက်ညိတ်လို့ ...
"ဟုတ်တယ်~ ဂျောင်ကုရှီး မသိသေးတဲ့ ထယ်မင့်အကြောင်းပဲ ~"
ထယ်မင်ဆိုသည်နှင့် ဖျက်ခနဲဖြစ်သွားသော မျက်တောင်ဖျားလေးတွေကြောင့် ဂျောင်ကုသိချင်နေမှန်း ယောင်းအယ်ရိပ်မိလိုက်သည်။
"တကယ်တော့ ဟိုးအစကနေအခုထိ ထယ်မင်ချစ်တဲ့သူက ဂျောင်ကုရှီးမဟုတ်ဘူး ~ကင်မ်ထယ်ယောင်းပါ ~"
ခုံပေါ်တင်ထားသောဂျောင်ကုရဲ့လက်သီးဆုပ်ကလေးတင်းခနဲဖြစ်ရုံကလွဲလို့ အကြည့်အချို့ကပင်တည်ငြိမ်နေခဲ့သည်။
မအံ့ဩပါ။အစကတည်းက ကြိုသိနေပြီးသားအဖြေတစ်ခုမဟုတ်လား။ဂျောင်ကုကသာ တုံးအလွန်းလို့ နောက်မှရိပ်မိခဲ့တာလေ။ဒါပေမယ့် ခံပြင်းမိသလို နာမလည်တဲ့မေးခွန်းများစွာလည်းရှိနေခဲ့သည်။
'မောင့်ကိုချစ်နေတာတောင် ဘာလို့များခုထိ ဂျောင်ကုလက်ကို ဆွဲဖို့လုပ်နေတုန်းလဲ' ဆိုတာပင်။သံသယတွေရှိပေမယ့် အစ်ကိုထယ်မင်ရဲ့ကိုယ်ကျင့်တရားနဲ့သိက္ခာကိုယုံလို ဂျောင်ကုမတွေးဘဲနေခဲ့သည့် အရာတွေအများကြီးပင်။
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.