Unicode
5ရက်ဆိုတဲ့အချိန်အတွင်းမှာ ထယ်ယောင်းရဲ့ဒဏ်ရာတွေဟာ အတော်သက်သာသွားပြီဖြစ်ပေမယ့် ဆေးရုံကတော့ဆင်းခွင့်မရသေးပါ။ဦးခေါင်းထိခိုက်သွားသည်မို့ နောက်ဆက်တွဲပြသနာတွေဖြစ်လာနိုင်၊မလာနိုင်ကို အသေချာစစ်ဆေးနေကြခြင်းကြောင့်သာဖြစ်လိမ့်မည်။ဒါကလည်း ထယ်ယောင်းဆန္ဒကြောင့်မဟုတ်ပါဘဲ မလွန်ဆန်နိုင်တဲ့ထယ်ယောင်းရဲ့ကိုကို့ဆန္ဒသာမို့ မငြင်းသာဘဲ အောင့်အီးနေခြင်းဖြစ်သည်။
နဂိုတည်းကစိတ်ရှုပ်တာမကြိုက် လွတ်လွတ်လပ်လပ်နေချင်သူက ဆေးရုံကိုအတော်မုန်းနေပြီဖြစ်သည်။အခုလည်း လူနာဖြစ်သူက ရှိသင့်တဲ့ကုတင်ပေါ်တွင်မရှိပါဘဲ အခန်းကျယ်ရဲ့ဆိုဖာအရှည်ကြီးပေါ်တွင် မိန့်မိန့်ကြီးထိုင်နေ၍ အလုပ်ကြီးတစ်ခုကို အာရုံစူးစိုက်နေရှာသည်။
ဤသည်က မျက်စိလွဲလို့ပင်မရနိုင်အောင် ညှို့ငင်ထားသည့် စက်ကွင်းငယ်လေးရဲ့ ဗဟိုချက်ဖြစ်သည့် အလှတရားဆီတွင်သာ..!
"မောင် ငြိမ်ငြိမ်နေကွာ ~ ပြီးတော့ အဲ့လိုကြီးလာမကြည့်နေနဲ့ ~"
[A/N : ကင်မ်က ရွှေအိုရောင်ဆံပင်လေးဖြစ်ပြီး ကူးက ဆံပင်အရှည်လေးလို့ ယူဆပေးပါရှင် ]
"ကိုယ့်ယောကျားက လှလို့ ကြည့်တာ ဘာဖြစ်လဲ ကြည့်မှာပဲကွာ !"
ကင်မ်ထယ်ယောင်းဆိုတဲ့အရိုင်းအစိုင်းကို ဂျောင်ကုတကယ်လက်မြှောက်လိုက်ပြီ။ပြောမကောင်းဆိုမကောင်းတာက ဘီဘီထက်သာသည်။သူဘဲ နှုတ်ခမ်းမွှေးရိတ်ပေးဆိုလို့ ရိတ်ပေးနေတာကို လူကိုတစ်ချိန်လုံး မျက်တောင်မခပ်ဘဲ ပြုံးကြည့်နေလေရဲ့။မကြည့်နဲ့လို့ဆိုလည်း 'သူ့ယောက်ျားမို့ကြည့်မှာပဲတဲ့ ' ။
ဟွန့် ! လုပ်နေပုံက ကောင်းကြသေးရဲ့လား ..?
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.