Unicode
အရည်အချင်းဆိုတာ အပေါ်ယံကြည့်ရုံနဲ့အကဲဖြတ်လို့မရဘူးဆိုတာ ကင်မ်ထယ်ယောင်းဆိုတဲ့လူအတွက်တော့ အတိအကျအမှန်ပင်။အမြဲပေါ့ပေါ့ပါးပါးနဲ့ ဘာကိုမှဂရုမစိုက်တဲ့သူတစ်ယောက်က ကိစ္စတစ်ခုကို လုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တာနဲ့ဟာကွက်ပင်ရှာမရအောင် စေ့စပ်လွန်းလို့ဖြစ်သည်။မနေ့က ပြသနာတွေဖြစ်ခဲ့ပြီးနောက် သူ့ရဲ့ဒေါသကြောင့် လွှတ်ခနဲထွက်သွားသည့်စကားရဲ့နောက်က ကာကွယ်ရမယ့်သူရှိနေတော့ ထယ်ယောင်း ပူပင်နေရသည်။ထိုသူသည် ကိုယ်နဲ့သွေးမတော် သားမစပ်ပေးမယ့်ပေါ့။
အင်း ! ကတိ..! ယောက်ျားကတိက တည်ရမယ်လေ..!
စားပွဲပေါ်တင်ထားသည့် mochaခွက်အား ယူကာ တစ်ငုံသောက်လိုက်ပြီး ရှေ့ရှိ သူ့ပြောလာမည့်စကားကိုစောင့်နေသူဆီ အကြည့်တွေပို့လိုက်ရင်း...
"အခု သူက စိတ်ချရတဲ့နေရာရောက်ပြီလားအစ်ကိုဂျင် ? "
"ရောက်ပြီလေ ~ မနေ့ညကပဲ ထယ်ယောင်းပြောပြီးတာနဲ့ အစ်ကိုစီစဉ်လိုက်တာ ~ ကံကောင်းသွားတယ် သိလား ?"
သူဆိုတာ သက်သေတွေစုပြုံရာ ဟန်ဂူချန်းကိုဆိုခြင်းဖြစ်သည်။လွန်ခဲ့တဲ့နှစ်ကမှ ယွန်းဂီရဲ့ကူညီမှုကြောင့် သဲလွန်စရခဲ့ကာ ဟန်ဂူချန်းနဲ့ဆက်သွယ်မိခဲ့သည်။ဒီလူက တော်ရုံတော့မဟုတ် ကိုင်တွယ်ရခက်တဲ့အထဲပါတာမို့ သက်သေရဖို့ အတော်အားထုတ်ခဲ့ရသည်။နောက်ဆုံးတော့ ကင်မ်ထယ်မင်ရဲ့ လုပ်ရက်တွေအကြောင်း အပြည့်စုံသိခဲ့ရတာပေါ့။ဒီလူ့အကြောင်း ကင်မ်ထယ်မင်ရှေ့မဟမိပေမယ့် ဉာဏ်ကောင်းတဲ့ထိုလူက ရိပ်မိနိုင်တာမို့ အန္တရာယ်ပြုလာနိုင်သည်။
ဒါကြောင့်လည်း ထယ်ယောင်းက အစ်ကိုဂျင်နဲ့နမ်ဂျွန်းတို့အား ဟန်ဂူချန်းကိုစိတ်ချရမယ့်နေရာမှာ လုံလုံခြုံခြုံထားပေးဖို့ အကူညီတောင်းခဲ့သည်။
"ဘာလဲ ဟိုဘက်က အနံ့ရလို့ လိုက်လာပြီမလား ?"
"ဟုတ်တယ် ထယ်ယောင်း ~ ငါ့ညီလည်း သတိတော့ထားနေ ~ ချစ်တာ မချစ်တာထက် သူ့လိုအတ္တကြီးတဲ့လူရဲ့ လျှို့ဝှက်ချက်တွေ မင်းဆီရောက်နေတာနဲ့တင် မင်းအတွက်အန္တရာယ်ရှိနေပြီ ~ သူဘာလုပ်မလဲ ခန့်မှန်းရခက်လွန်းတယ် ~"
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.