Ep : 28

5.4K 311 240
                                    

Unicode

ဗိုက်လုံးလုံးနဲ့ဖြစ်တည်မှုလေးဟာ အခုဆို ငါးလကျော်ပြီမို့ အရင်လိုပေါ့ပါးမနေတော့ပါ။စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးဆိုတာထက် ဗိုက်ကလေးပိုင်ရှင်ရဲ့ အမိန့်တွေကြောင့်ဆိုပိုမှန်လိမ့်မည်။ထိုပိုင်ရှင် အမြဲပြောသည်က 'မပေါ့မပါးနဲ့မို့ လှုပ်လှုပ်ရှားရှား အရမ်းမလုပ်ပါနဲ့ ! အစပ်တွေ မစားပါနဲ့ ! ' တဲ့လေ။ဂျောင်ကုကလည်း မောင့်အလိုကျ အပြုံးလေးနဲ့ ခေါင်းညိတ်ခဲ့ပါသည်။

သို့သော် ဘဲဥလေးက သူ့ဒယ်ဒီစကား နားမထောင်ဘူးရယ်။သူ့ဒယ်ဒီမကြိုက်တာတွေကိုမှ ရွေးကြိုက်တယ်ထင်ပါရဲ့။ဒီတော့ ဂျောင်ကုမှာ ဘဲဥလေးအလိုကျ မောင့်ကွယ်ရာတွင် လိုက်နာရပါသည်။ထို့ကြောင့် မနေ့ညကတည်းက စားချင်နေခဲ့သည့် ကင်မ်ချီထမင်းသုတ်စပ်စပ်ကလေးကို မောင် ရုံးသွားတုန်း ကိုယ်တိုင်လုပ်ဖြစ်သည်။အခြားသူတွေလုပ်ပေးတာလည်း စိတ်တိုင်းမကျဘူးလေ။သူတို့လုပ်ပေးရင် မစပ်တော့ ဂျောင်ကုမှာ မရမက ကိုယ့်ဘာသာလုပ်စားတာဖြစ်သည်။

"အွန် ~~ ဆယ်နာ ~ အစ်ကို့ကို ငရုတ်သီးအနှစ်လေးယူပေးပါအုံး ~ "

"အာ အစ်ကိုဂျောင်ကု အစပ်တွေများနေပြီနော် ~ အစ်ကိုလေးသိရင် ဒုက္ခအကြီးကြီးတွေ့မှာ ~"

ဆယ်နာမှာ မျက်နှာလေးရှုံ့တွလို့ ပြောသာပြောနေတာ ရတာလည်းမဟုတ်တော့ ငရုတ်သီးအနစ်ဘူးအား ဘေးသာချပေးလိုက်တော့သည်။မဟုတ်လည်း မရမက ယူစားမှာပဲလေ။

အစ်ကိုဂျောင်ကုက ကိုယ်ဝန်ရတော့မှ တကယ့်ကို မနိုင်စိန်လေးဖြစ်နေတော့တာဖြစ်သည်။သူလိုချင်တာ စားချင်တာမှန်သမျှကို အိမ်မှာရှိတဲ့လူတွေဆီကနေ ရအောင်ပူဆာသည်။တစ်ခါတစ်‌‌
လေဆို အစ်ကိုဂျောင်ကုရဲ့အဖေဆီကနေတောင် လှမ်းဂျီကျသေး။အခုလည်း လုပ်ပေးမယ်ဆိုတာတောင် သူကိုယ်တိုင်လုပ်စားချင်ပါတယ်ဆိုလို့ အစ်ကိုဂျောင်ကုရဲ့ ဆန္ဒကို မလွန်ဆန်နိုင်ဘဲ ဘေးကနေ ရပ်ကြည့်နေရခြင်း။တကယ့်ကို ငြင်းမရတာ အကုန်လက်တွေ့ရယ်။အဆိုးဆုံးကတော့ ဆယ်နာနဲ့ အစ်ကိုလေးပင်။

အစ်ကိုလေးက‌လည်း ပြောရင်သာ မိုးတစ်လုံးလေတစ်တစ်လုံး၊ပြီးရင်အစ်ကိုဂျောင်ကုက 'မောင်'ဆိုတာနဲ့ တအင်းအင်းဖြစ်ပြီ။ဆယ်နာကမှ နည်းနည်းတောင့်ခံနိုင်သေးသည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now