Ep : 10

3.9K 287 144
                                    

Unicode

ထိုးထွက်နေသော ဒေါသတွေဟာ ထိုလူ့အ‌မေ
ရဲ့ပစ္စည်းကိုညဖျက်ဆီးခဲ့မှန်းသိခဲ့ပြီးနောက် ချက်ချင်းဆိုသလို သူမခံစားခဲ့ဖူးသည့် ' အားနာမှု'ဆိုတဲ့ စိတ်ကြီးကိုဖြစ်စေတဲ့အခါ အိမ်ကနေ ကားကိုခပ်ကြမ်းကြမ်းမောင်းလာပြီး သူငယ်ချင်းတွေ အတူနေတဲ့အိမ်သို့ ထွက်လာခဲ့သည်။Sundayလိုနေ့မျိုးဆို သူတို့တွေအကုန် အဲ့မှာဆုံနေကြလေ။

ဒုန်း!

"Oh my Hope! ရားးး! ကင်မ်ထယ်ယောင်း! မပြောမဆိုနဲ့ လုပ်ပြန်ပြီ!"

"ဒေါက်! မင်းရုပ်ကြည့်ရတာ အစားစာချင်စိတ်ပါပျောက်တယ်! ပြောစမ်းပါဦး အစ်ကိုဂျောင်ကုနဲ့ ဘာဖြစ်လာတာလဲ?"

Pwကို ခပ်မြန်မြန်ရိုက်ထည့်ပြီး တံခါးကို ခြေထောက်ဖြင့် ဒုန်းခနဲမြည်အောင် ကန်ဖွင့်လိုက်တော့ နဂိုတည်းက အသည်းငယ်တဲ့ ဟိုဆော့က ထအော်လေသည်။ယွန်းဂီကတော့ စားလက်စ ဇွန်းကို ချပြီး သူ့မျက်နှာကို အကဲခတ်တတ်သည့်ဟန်ဖြင့် တန်းမေးလာသည်။အခန်းထဲ ဝှေ့ကြည့်မိတော့ ကျန်တဲ့ နမ်ဂျွန်းနဲ့ ဂျီမင်တို့က မရှိသေး။

"ကျစ်! ငါလုပ်တာ လွန်သွားတယ် ထင်တယ်~"

ထယ်ယောင်းလည်း ဆံပင်တွေကို ခပ်ကြမ်းကြမ်းဆွဲဖွရင်း ဆိုထာပေါ် ခြေပစ်လက်ပစ်ထိုင်ချကာ ပြန်ဖြေလိုက်တဲ့အခါ...

"S**t  ‌သားကြီး အဲ့ဒါ မင်း ဆရာဝန်ခေါ်ပြရမှာကွ!"

ဂွပ်!

"အာ့ ဘာလုပ်တာလဲကွ!"

ထယ်ယောင်းကတော့ ကိုယ်အတွေးနဲ့ကိုယ်ပြောလိုက်တာပါဘဲ။သို့ပေမယ့် အတွေးတွေနယ်ကျွံနေတဲ့ဟိုဆော့ကတော့ ထယ်ယောင်းလိုမတွေးနိုင်ခဲ့တဲ့အခါ စားပွဲပေါ်တင်ထားသည့် တစ်ရှူးဘူးလေးသည် ဟိုဆော့ခေါင်းထက် ခစားသွားရသည်မှာ ကင်မ်ထယ်ယောင်းရဲ့ဖြောင့်တန်းသည့်လက်ကြောင့်ပင်။

"မင်းမှာ တဏှာအတွေးကလွဲပြီး ဘာမှမရှိတော့ဘူးလား ဟိုဘီ!"

"မင်းက ပြောလိုက်ရင် အလုံးလိုက်ကြီးလေ!ငါမှ မဟုတ်ဘူး ယွန်းဂီတောင် အဲ့လ်ိုတွေးမှာပဲ! ဟုတ်တယ်မလား ဟျောင့်!"

I Love U More ( Taekook ) ( Completed )Where stories live. Discover now