Unicode
" မင်းသမီးဟန်ယူရာက Bossနဲ့ မတွေ့ရမချင်း မပြန်ဘူးတဲ့ Boss ~ "
ဧည့်ဆိုဖာကြီးရဲ့ ထိပ်ဆုံးတွင်ခပ်လျှောလျှောထိုင်နေသော ထယ်ယောင်းမှာ ဝူယောင်းစကားကြောင့် စိတ်ရှုပ်လာသည်။အမှိုက်တွေနဲ့မပတ်သပ်ချင်တော့ပါဘူး ဆိုတာတောင် ထိုအမှိုက်တွေက ကိုယ့်ရှေ့တည့်တည့်ရောက်ချလာသည်။
ဟန်ယူရာက သူနဲ့တစ်ပတ်လောက်တွဲခဲ့ဖူးတဲ့ခပ်လန်းလန်းမင်းသမီးတစ်ယောက်ပင်။ခုတော့ မလွှဲသာ မရှောင်သာနဲ့ ပြန်တွေ့ရအုံးမည်။အဓိက ကတော့ Royalရဲ့ ကြော်ငြာမင်းသမီးအဖြစ်ချုပ်ဆိုထားတဲ့ စာချုပ်ကြောင့်။ဒီကိစ္စကလည်း ထယ်ယောင်း ရုံးမတက်ခင် တစ်ရက်ကပဲ ကင်မ်ထယ်မင်က ဒယ်ဒီနဲ့တိုင်ပင်ပြီး လုပ်ချလိုက်တာ။ဒါကြောင့် ဒယ်ဒီသဘောမို့ သူ့မှာ ငြင်းလို့မရ။
စုကျုံ့နေသော မျက်ခုံးထိပ်ကြားရှိ နှာရိုးအား လက်မနဲ့ လက်ညိုးသုံးကာ နှိပ်နယ်လိုက်ရင်း...
" ကျစ် ! စာချုပ် ချုပ်တာက ပြီးနေပြီကို ကိစ္စတွေက မပြီးနိုင် မစီးနိုင်နဲ့ .. အာရုံပဲ ! "
"စာချုပ်ကလည်း ကျွန်တော့်တို့ဘက်က စပြီးဖျက်ရင် လျော်ကြေးတွေပေးရမှာ Bossရ !"
"ငါက အဲ့ဒါကို ဂရုစိုက်မယ် ထင်လား ? "
"မထင်ပါဘူးဗျ !ဒါမဲ့မကောင်းဘူးလေ Bossရ ! "
ဒီတစ်ခါ ဝူယောင်းပြောတာ မှန်သည်။ကိုယ်
ရေးကိုယ်တာနဲ့ အလုပ်ကိုတော့ ခွဲခြားရမည်။ဘာမှ မဟုတ်တာလေးနဲ့ သပ်သပ်တော့ ငွေအကုန်မခံနိုင်ဘူး။ကိုယ်နဲ့ လာတွေ့တာ အလုပ်ကိစ္စလည်း ဖြစ်နိုင်တာပဲမလား။ဘာဖြစ်ဖြစ် ကိစ္စမရှိပေမယ့် အာရုံလာစားရင်တော့ ဆွဲထုတ်ပစ်မှာ။လောကမှာ ကင်မ်ထယ်ယောင်းညှာတာဆိုလို့ တစ်ယောက်ပဲ ရှိသည်..!
"ဟင်း ~ ခေါ်လိုက် !"
"ဟုတ်ကဲ့ Boss ! "
ဝူယောင်းထွက်သွားပြီး မကြာပါ ဒေါက်ဖိနပ်သံတစ်ဒေါက်ဒေါက်နဲ့ သူ့ဘေးရှိ ညာဖက်ဆိုဖာတွင် ခပ်မတ်မတ်ဝင်ထိုင်လာသည့် ဟန်ယူရာ။ပေါင်ရင်းထိတိုတက်နေသော အနက်ရောင် body fit short dressကို အပေါ်က ဒူးတစ်ဝက်လောက်ရှိသည့် long coatအဖြူ ထပ်ဝတ်ကာ ခြေချိတ်ထိုင်လာသည့် သူမက ထယ်ယောင်းဘက် လှည့်လို့ ခက်ပြုံးပြုံးဆိုလာသည်က...
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.