Ep : 7

4.1K 318 104
                                    

Unicode

ထယ်ယောင်း ဒီနေ့မှစောစောနိုးတာမို့ ရေမိုးချိုးပြီးတာနဲ့ ထမင်းစားခန်းထဲတန်းလာခဲ့သည်။
ဘယ်လိုပဲ စောစေကာမူ နိုးတဲ့အချိန်က ၈နာရီကျော်နေပြီမို့ သူရောက်လာတော့ ထမင်းစားခန်းထဲ မည်သူမှမရှိတော့ပေ။အရင်ဆို ဒယ်ဒီတို့ခေါ်မှာသာ အတူစားတာဖြစ်ပြီး အမြဲလိုလိုအပြင်မှာ နမ်ဂျွန်းတို့နဲ့သာ စားနေကျဖြစ်သော်လည်း အခုမှ ထူးထူးခြားခြား အိမ်ကလုပ်ပေးတဲ့မနက်စာ စားချင်လာသည်။မဟုတ်မှ ထမင်းစားခန်းထဲဝင်ကတည်းက နှာခေါင်းထဲတိုးဝင်လာသည့် mochaအနံ့သင်းသင်းကြောင့်ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ထိုင်နေကျနေရာခုံတွင် ဝင်ထိုင်လိုက်ပြီး ရှေ့တွင် အဆင်သင့်ချထားသော mochaခွက်အား တစ်ငုံယူသောက်သည်။နောက်ကျတာကြောင့် အေးနေပြီဖြစ်သော်လည်း ထယ်ယောင်းရဲ့ခံတွင်းနဲ့ တော်တော်လေးအဆင်ပြေသည်။အစားအသောက် ချေးများတဲ့သူက ကော်ဖီဆိုမကြိုက်တာမို့ mochaသာ စွဲစွဲမြဲမြဲသောက်လေ့ရှိသည်။သောက်တိုင်းလည်း အဒါ်ကြီးဟယ်လင်းဖျော်တဲ့ mochaနဲ့ ဂျင်ဟျောင်းရဲ့ အစ်မဖွင့်ထားသည့် Guardianဆိုသည့် ကော်ဖီဆိုင်က mochaနဲ့သာ သူကအဆင်ပြေတာဖြစ်သည်။ယခုက သောက်နေကျမဟုတ်တဲ့ ထူးထူးကဲကဲအရသာလေးမို့ အဒေါ်ကြီးဟယ်လင်းဖျော်ပေးတာမဟုတ်မှန်း သေချာသိသည်။

"ဝူယောင်း!"

"ဗျာ! Boss!"

"ဒါဘယ်သူဖျော်တာလဲ?"

"ဟို အစ်ကိုဂျောင်ကုဖျော်ပေးသွားတာပါဗျ! ကောင်းတယ်မလား boss.. ဒီနေ့မနက်စာကို အစ်ကိုဂျောင်ကုပဲ စဆုံးလုပ်ပေးသွားတာ အစ်ကိုကြီးဆို ကြိုက်လွန်းလို့ဆိုပြီး နှစ်ခါတောင် ထပ်ယူတာ‌ Bossရ..သူဌေးဆို__"

"မင်းတော်တော် လေများနေလား? ငါမေးတာပဲဖြေ‌! အပိုတွေ လာဖြေမနေနဲ့!"

ဟွန်း သူသိတာပေါ့!ဒါသေချာပေါက် ဟိုမာနထိပ်ခေါင်ရဲ့လက်ရာမှန်း။ပြောလို့ပြောတာမဟုတ်ပေမယ့် လက်ရာကတော့တကယ် ကောင်းသည်။ပန်ကိတ်လုပ်ပေးတဲ့နေ့ကတည်းက ထိုလူရဲ့လက်ရာကိုသူစားချင်ခဲ့တာဖြစ်သည်။အဲ့နေ့က အနံ့နဲ့တင်သူစားချင်ပေမယ့် တမင်ရွဲ့ချင်တာကြောင့် သွန်ပစ်ခိုင်းခဲ့ခြင်းဖြစ်သည်။ဒါတောင်မှ ကင်မ်ထယ်မင်က ကြားကနေယူစားလိုက်တာမို့ မကျေမနပ်ဖြစ်ခဲ့ရတဲ့နေ့ကို သူသိပ်မှတ်မိတာပေါ့။အခုပဲကြည့် ဝူယောင်းဆိုတဲ့ကောင်ကလည်း မေးတာတစ်ခွန်းဆို ဆယ်ခွန်းလောက်ကပြောလိုက်ရမှ တော်တော်လေရှည်တဲ့ကောင်။ပြောတိုင်း ဂျောင်ကုဆိုတာနဲ့ ကင်မ်ထယ်မင်က မပါမဖြစ်။မသိရင် ရင်ချင်းဆက်မွေးလာတဲ့ လူတွေကျနေတာပဲ။
သောက်နေရင်းမှ ဘေးကနေပြုံးစိပြုံးစိနဲ့ လေရှည်နေသော ဝူယောင်းအား ပိတ်ဟောက်‌လိုက်သည်။

I Love U More ( Taekook ) ( Completed )Where stories live. Discover now