Ep : 30

4.8K 299 120
                                    

Unicode

တရွေ့ရွေ့တိုးလာသော ခြေလှမ်းတွေဆုံးတော့ အမုန်းဆုံးလူသားနဲ့ မျက်နှာချင်ဆိုင်မိသည်။ညီညီက ဘယ်လောက်တောင် ဂရုစိုက်လို့ အရင်တုန်းကနဲ့မတူဘဲ ‌ကြည်လင်နေတဲ့မျက်နှာဟာ ‌ထယ်မင့်ရင်ထဲရှိ မီးတောက်ကို ပိုတောက်စေသည်။မုန်းဖို့ကောင်းတဲ့ အဲ့ဒီမျက်နှာ ၊ စိတ်ပျက်စရာ အဲ့ဒီအပြုံးတွေနဲ့ ညီညီကို မြူဆွယ်ခဲ့တာ။မုန်းလိုက်တာ ဂျွန်ဂျောင်ကု..!

ထယ်မင်က ရင်ထဲကအမုန်းတွေကို ဟန်ဆောင်ကောင်းသူပီပီ ရိုးသားသည့်မျက်နှာလေးအဖြစ်ဖန်တီးလို့ ညင်ညင်သာသာပြုံးကာ နှုတ်ဖျားကနေ မထွက်ချင်ဆုံး အမည်တစ်ခုကို ဖွင့်ဟသည်က...

"အငယ်~"

"အစ်ကိုထယ်မင် လာလေ ~"

"အင်း ~ဒါနဲ့  ညီညီကို မတွေ့ပါလား ~"

"အော် မောင်က အရေးကြီးကိစ္စရှိလို့ အပြင်သွားတယ်~"

ဂျောင်ကုကတော့ ပုံမှန်လို ခေါ်ပြောကာ ဧည့်ခန်းဆီအတူလိုက်ခဲ့ဖို့ခေါ်ပေမယ့် အစ်ကိုထယ်မင်ကတော့ ထိုနေရာမှာသာ ငြိမ်နေရင်း မောင့်ကိုဦးစွာမေးသည်။ဟိုးအရင်ကတည်းက တစ်စ
တစ်စကြီးလာတဲ့ သံသယတွေက ကြာလေပိုပြီး ရုပ်လုံးထွက်လာသလို ခံစားလာရသည်။မဖြစ်နိုင်ဘူးလို့ သူ့အတွေးတွေနဲ့ ဘယ်လိုတွန်းကန်ပါစေ နောက်ဆုံးထွက်လာသည်က အစ်ကိုထယ်မင်
သည် သူမဟုတ်တဲ့ မောင့်ကိုချစ်နေခဲ့တယ်ဆိုတာပင်။ဒါဆို ဂျောင်ကုကိုရော ဘာလို့တွဲခဲ့သည်လဲ။အခုထိအဖြေရှာမရတဲ့ ပုစ္ဆာတစ်ခုလို့ဆိုရပေမည်။မောင်နဲ့သူ့ကြား ဝင်တားချင်လို့ သူ့အချစ်ကို လှည့်စားတဲ့အထိတော့ အစ်ကိုထယ်မင်က မလုပ်လောက်ဘူးမလား။

သိ‌ချင်ပေမယ့်လည်း ကိုယ့်ရဲ့ယူဆချက်မို့ မမေးဝံ့။ထွက်လာမည့် အဖြေကိုလည်း ရင်မဆိုင်ရဲပါ။ဒီတိုင်း မသိသလိုနေတာက ပိုကောင်းပါလိမ့်မည်။အခု သူ့မှာ မောင်ရှိနေပြီလေ။

အားနာမိပေမယ့်လည်း မောင့်ကိုချစ်မိတဲ့အတွက် သူလိပ်ပြာလုံပါသည်။ထို့ကြောင့်လည်း အစ်ကိုထယ်မင့်ရှေ့မှာတင် 'မောင်'ဟူသော ခေါ်နေကျနာမ်စားလေးကို သူသုံးခဲ့တာပေါ့။

I Love U More ( Taekook ) ( Completed )Where stories live. Discover now