Unicode
"အ အငယ် လို့ခေါ်လိုက်တာလား ဟင်?"
မျှော်လင့်မထားသည့် နာမ်စားတစ်ခုက ကိုကိုကြီးနှုတ်ဖျားမှ ထွက်လာတော့ သူနားထဲဝယ် ပျားရည်လေးများ လောင်းထည့်နေသည့်အလား သင်းပျံ့ချိုလွင်နေသည်။
နှလုံးသားတစ်ခုလုံးတွင်လည်း ထိုအမည်နာမလေးက ထပ်ခါထပ်ခါ ပဲ့တင်နေသည်။
'အငယ်' ဟူသည့် မည်သူမျှမခေါ်ခဲ့ဖူးသည့် ထိုနာမလေးအား သိပ်ကိုမြတ်နိုးလွန်းပါဘိ။"ကိုယ် ဒီနာမည်လေးကို စတွေ့တဲ့နေ့တည်းက ခေါ်ချင်ခဲ့တာ အငယ်ကမကြိုက်မှာစိုးလို့~ အခု ကိုယ်ခေါ်လိုက်မိတော့ စိတ်မဆိုးဘူးမလားဟင်~"
"အာ စိတ်မဆိုးပါဘူး~ကျွန်တော်လည်း ကြိုက်တယ် အာ့ကြောင့် ခေါ်လို့ရပါတယ်နော်~"
"အဟားး~~အငယ်က ချစ်စရာလေးပဲ~"
ကိုယ်တိုင်နှစ်သက်တာမို့ ကျေကျေနပ်နပ်ပြုံးကာ ဖြေလိုက်တော့ သဘောကျသွားတဲ့ ကိုကိုကြီးက ponytailစည်းထားသည့် သူ့အနက်ရောင်ဆံသားပျော့လေးများအား ခပ်ဖွဖွပုတ်ကာ ရယ်လေသည်။
သွားတန်းလေးတွေညီညာပြီး အစွန်းဘက်တွင် အနည်းငယ်ချွန်မျှသည့် သွားတက်လေးပိုင်ရှင်ရဲ့အပြုံးက ကျွန်တော့်ရဲ့မှောင်မိုက်နေသည့်စိတ်အတွက် အလင်းတန်းလေးပါဘဲ။
.
.
."အာ ကိုကိုကလည်းကွာ~~babyနဲ့ ဒီတစ်ခါတော့ နေ့လည်စာအတူလိုက်စားပေးပါကွာ~နော် ~"
လက်မောင်းတစ်ဖက်အားဖက်တွယ်ရင်း ခေါင်းလေးမှီကာ ချွဲနွဲ့စွာ တောင်းဆိုနေသည့် ဆံပင်အပြာရောင်နဲ့ကောင်မလေးက ဖြူဖွေးနေသည့်အသားရောင်နှင့် သိပ်ချစ်စရာကောင်းသည်။
လည်ဟိုက်ဆွဲသားအဖြူရောင်အင်္ကျီလေးနဲ့ ပေါင်တစ်ဝက်သာရှိသည့် အဖြူရောင်စကပ်အဝဲလေးက ထိုကောင်မလေးရဲ့ခန္တာကိုယ်တွင် ချပ်ချပ်ရပ်ရပ်ဖြင့် ပနံသင့်လှသည်။
Make upခပ်ပါးပါးonထားပြီး အနီရောင်ဆေးဆိုးအား နှုတ်ခမ်းအပြည့်တင်ထားပေမယ့် ကြည့်ရမဆိုးသွားဘဲ ဆွဲဆောင်မှုရှိနေသည်။ထိုကဲ့သို့ သိပ်လှသည်မိန်းမပျိုလေးသည် ပုရိသတွေရဲ့နှုတ်ဖျားတွင် တသသဖြစ်နေသည့် တက်သစ်စသရုပ်ဆောင် ဟန်ယူရာတဲ့။
ဤမျှပြည့်စုံနေသည့်ကောင်မလေးအတွက် ဘေးကနေမခွဲနိုင်မခွာနိုင်ကပ်နေရသည်အထိ ဖြစ်စေသည့် အမျိုးသားငယ်သည်လည်း အခြားသူမဟုတ် ကင်မ်ထယ်ယောင်းပင်။
တောင့်တင်းတဲ့ခန္တာကိုယ် ရှည်လျားတဲ့အရပ်ကို ပိုင်ဆိုင်ထားသည့် သူကအနက်ရောင်လက်တိုT shirtကို jean pantအနက်ဖြင့် တွဲဝတ်ထားတော့ ခြေတံရှည်ရှည်တို့က ယောက်ျားများပင် အားကျစရာကောင်းလှသည်။
အနည်းငယ်ကောက်ကာ နဖူးပြင်ပေါ်ထိချထားသော ဆံနက်များအောက်က နေကာမျက်မှန်အမည်းအား ဝတ်ထားသည့်သူသည် ချွန်မျှသော နှာတံ၊ အချိုးကျသည့် မေးရိုးဖြင့်တွဲဖက်လိုက်တော့ နတ်ဘုရားအလား တောက်ပနေသည်။
YOU ARE READING
I Love U More ( Taekook ) ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 5.2.2022 End date - 18.8.2022 #Nectarine #I don't own photos that contain in this fic.