The Prince and The FrogChapter (1.1)

5.6K 542 6
                                    

Unicode

The Prince and the Frog 1

Chapter (1.1)

"ကမ္ဘာပေါ်က ရှိရှိသမျှယောက်ျားလေးတွေ အကုန်သေသွားရင်တောင် နင့်လိုလူမျိုးကို ငါကြိုက်မှာမဟုတ်ဘူး"

"ဆိုးရွားတယ်၊မာနကြီးတယ်၊ ဉာဏ်နီဉာဏ်နက်တွေနဲ့၊ စိတ်ထားက‌လည်းသေးသိမ်သေး၊ရိုင်းလည်းရိုင်း၊ ပါးစပ်ကလည်းဆိုးသေး၊နင့်မှာဘယ်နေရာမှကောင်းတာမရှိဘူး။ငါက ကန်းနေတာမို့လို့လား"

"တောင်းပန်ပါတယ်ဟယ်၊ငါ့ကို တစ်ယောက်တည်းပေးနေနိုင်မလား။
ငါ့ကိုနေ့တိုင်းအနှောင့်ယှက်ပေးနေတာ၊နင့်မျက်နှာပျက်ချင်‌နေသေးတာလား။"

"ငါနင့်ကို ဒီနေ့ပြောလိုက်မယ်။ ငါ ဟန်ဟန် နင့်ကို ကြိုက်ဖို့ဆိုတာ ဘယ်လို့မှဖြစ်လာမှာမဟုတ်ဘူး။ငါနင့်ကို အများကြီးတောင်မုန်းသေး!"
.
.
.

" ဟားဟားဟား...ဒီနေ့ ချင်းလောင်မျက်နှာကတော့ ရစရာမရှိတော့ဘူး။ ကျောင်းရဲ့အလှ‌လေးကို‌တောင် သွားရှုပ်ရဲသေးတယ်..."

" ဟေး၊ ငါတကယ်ကို နားမလည်နိုင်ဘူး။သူ့မှာသူ့မိသားစုအပြင်ဘာရှိသေးလို့လဲ။ သူက ဝက်လိုဝနေတာ၊သူ့ အဆင့်တွေကလည်းဆိုး၊ပြီးတော့ သူ့ စရိုက်ကလည်းဆိုးသေး။ပုံမှန်မိန်းကလေးတွေကတော့ သူ့ကြိုက်ဖို့ မဖြစ်နိုင်ဘူး။"

"ဟုတ်ပ! ဖားက ငန်းသားစားချင်နေတာပဲ!ဟားဟားဟား...."

လှောင်ရီသံတွေ အမျိုးမျိုးနဲ့ ထေ့ငေါ့နေတဲ့စကားလုံးတွေကို သူ့နားထဲကြားနေခဲ့ရသည်။ကျိန်စာတွေလိုပဲ ချင်းလောင်ရဲ့ ခေါင်းထဲကို တိုက်ရိုက် ထိုးဖောက်နေခဲ့တယ်။တဝီဝီ မြည်သံတွေက နာကျင်မှုတွေစီသို့ တိုက်ရိုက် ဦးတည်နေတော့သည်။

"Um..." ချင်းလောင်ဟာ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ အဖြူရောင်မျက်နှာကြက်ကိုတွေ့လိုက်ရသည်။

"ကလေး။ ကလေး နိုးပြီလား..." အိပ်ယာဘေးမှာရှိ‌ေနတဲ့လှပတဲ့မိန်းမတစ်ယောက်က ချက်ချင်းငို‌ေတာ့သည်။သူ့မကဘဲဥပုံ မျက်နှာ၊အသား ဖြူဖြူနဲ့
လည်ပင်းလှလှလေးမှာ ပုလဲနဲ့လုပ်ထားတဲ့ ပန်းရောင်လည်ဆွဲလေးကို ဝတ်ဆင်ထားသည်။သူမက မြင့်မြင့်မြတ်မြတ်နဲ့ ကြက်သရေရှိလှသည်။ငန်းပျိုလေးနဲ့တောင်တူသေး၏။ သူမက ငိုနေပေမယ့် သူမမျက်ရည်တွေကတော့ သစ်တော်ပွင့်မိုးစက်လေးတွေအတိုင်းပင်။အဲ့ဒါတွေကိုမြင်ရသူတိုင်း သနားမိမှာပင် ဖြစ်၏။

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now