Unicode
Chapter (27.1)
"ကြီးမြတ်တဲ့ hostရေ၊ ကျွန်တော်ကြားတာ မင်း ပစ်မှတ်ဇာတ်ကောင်ကို ပြောင်းချင်နေတယ်ဆို"
Zerozeroက ဂရုတစိုက်လေးမေးလာပေသည်။သူဒီလိုအခြေအနေမျိုးကို အရင်တုန်းက တစ်ခါမှ နဖူးတွေ့ဒူးတွေ့ မကြုံဘူးပါပေ။အဲ့တော့ 25သူ့ကိုလာပြောချိန်မှာတော့ သူ့ရဲ့hostတစ်ခုခုကို ခန့်မှန်းနိုင်သွားပြီလားလို့ သူတွေးလိုက်မိသည်။ဒါက 25အတွက်ပထမဆုံးအကြိမ် systemအဖြစ်လုပ်ဆောင်ရတာဖြစ်တဲ့အတွက် ထိန်ချန်ထားရမယ့် ကန့်သတ်ချက်တွေရှိပေသည်။ချင်းလောင် တဟားဟားရယ်လိုက်ရင်း"ငါ အဲ့ဒီ့ငတုံး25ကို စချင်ရုံပါကွာ!သူယုံသွားမယ်လို့ ငါမထင်ထားဘူး ဟားဟားဟား!"
"QAQ!"
Zerozeroအခုမှပဲသက်ပြင်းချနိုင်တော့တယ်။
"ကြီးမြတ်တဲ့ hostရေ ဘာလို့အဲ့လို့လုပ်ရတာလဲလို့။ကျွန်တော့်အစ်ကိုကြီး သေတော့မလို့""အဲ့လောက်တောင်ဖြစ်သွားတာလားဟ"
"ဟုတ်တယ်လို့"
Zerozeroက လေးလေးနက်နက်ဆိုလာ၏။"ဒါက ကျွန်တော့်အစ်ကိုကြီးရဲ့ ထမ်းဆောင်ရမယ့်တာဝန်လေ။မင်းကို ကူညီပေးပြီးသွားပြီဆိုရင် သူက နေရာလဲလိုက်လို့ရပြီ။အဲ့တော့မှ ကျွန်တော်တို့နှစ်ယောက် တရားဝင် လက်ထပ်မှတ်ပုံတင်လို့ရမှာ။အဲ့ဒါကြောင့်မို့ သူပြင်းပြင်းထန်ထန်ကြိုးစားနေတာကို"ချင်းလောင် သူစနေတာကိုရပ်လိုက်ပြီး "ဟုတ်ပါပြီ၊သူ့ကိုသွားပြောလိုက်ပါအုံး စိတ်မပူဖို့။ငါ ငါ့အလုပ်ကို ကောင်းကောင်းလုပ်မှာပါ ပြီးတော့ zerozero၊ မင်းပျော်ရွှင်ဖို့ဆုတောင်းပေးပါတယ်"
"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့ hostရေ။ကျွန်တော်လည်း မင်းပျော်ပါစေလို့ မျှော်လင့်ပါတယ်"
ဒါပြောပြီးတာနဲ့ zerozeroက သူ့ကို နှုတ်ဆက်သွား၏။25ကတော့ ချင်းလောင်ကို စိတ်ဆိုးပြီး ရက်အနည်းငယ်လောက် လျစ်လျူရှုထားလေသည်။
ချင်းလောင် နည်းနည်းလေး အထီးကျန်နေ၏။ချင်းဖန်းသူ့အတွက်ရှာပေးထားတဲ့ နေရာက တိတ်ဆိတ်နေပြီး အခန်းထဲမှာလည်း အတော်လေးကိုဗလာကျင်းနေသည်။သူက ဒီမှာတစ်ယောက်ထဲနေရတာဖြစ်တဲ့အတွက် ပိုလို့တောင် အထီးကျန်ဖို့ကောင်းနေသယောင်ပင်။