Chapter (8.2)

2.6K 518 4
                                    

Unicode

Chapter (8.2)

ချင်းလောင်ရဲ့မျက်နှာမှာ ဖြစ်လေ့မရှိတဲ့ ရှက်ရွံ့မှုတစ်ခု ပေါ်လာပြီး သူ့အသံကလည်း အနည်းငယ် စူးရှနေ၏။"ငါက မင်းငါ့ကို အဖော်လုပ်ပေးတာကို လိုချင်ယုံပါ။မင်းမလုပ်ပေးနိုင်လို့လား."

ရဲ့ချန့် ပြုံးလိုက်သည်။သူက သူ့ရဲ့ခေါင်းကို ငုံ့လိုက်ကာ ဘူးလေးကို ဖွင့်လိုက်၍ ကိတ်မုန့် နည်းနည်းကို ကလော်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်၏။ချင်းလောင်ပြောတာ မှန်ပေသည်။ခရင်မ်တွေက ညက်ညောလှပြီး ကိတ်သားက နူးညံ့ကာ ချိုပေမယ့် အဆီမများဘဲ အနံ့လည်းကောင်းလှသည်။

"တကယ်တော့..."ချင်းလောင် ရဲ့ချန့်ရဲ့ဘေးထိုင်လိုက်ပြီး
"ငါထင်တာ ငါ့မှာ စစ်မှန်တဲ့ သူငယ်ချင်းဆိုလို့ ၊မင်းတစ်ယောက်လောက်ပဲ ရှိမယ်ထင်တယ်။အဲ့ဒါကြောင့် ငါတကယ် မင်းနဲ့ အတူ အချိန်ဖြုန်းချင်တာပါ။"

"ငါတစ်ယောက်တည်း?"ရဲ့ချန့်က သခင်ငယ်လေးရဲ့ရှက်နေတဲ့ မျက်နှာကို အမှတ်မထင် မြင်လိုက်ရ၏။"ချန်းကျိယွီနဲ့ ဝမ်ဟောက်တို့ နှစ်ယောက်ရော ရှိသေးတယ် မဟုတ်ဘူးလား"

"အား...အကိုယွီ...."ချင်းလောင် ကိုယ့်ကိုယ်ကို ရီလိုက်ပြီး"မင်းကဒီလောက် အရမ်းပါးနပ်တာ၊အကိုယွီက ငါ့ကို တကယ်ကောင်းလား မကောင်းလားဆိုတာ မင်းမသိဘူးလို့တော့ ငါမယုံပါဘူး။
ဝမ်ဟောက်ကျတော့ သူတို့နှစ်ယောက်လုံးက ငါ့မိသားစုရဲ့ မျက်နှာသာကိုရဖို့လုပ်နေကြတဲ့ သူတို့မိသားစုရဲ့ အကြီးအကဲတွေရဲ့နောက် လိုက်နေကြရုံပဲ။အဲ့ဒါကြောင့် သူတို့က ငါ့ကို ညီငယ်လေးလို ဆက်ဆံကြတာ။သူတို့က ငါ့ကို သူငယ်ချင်းအနေနဲ့တွေးကောင်းတွေးနိုင်ပေမယ့် အကယ်လို့များ တစ်နေ့ ငါ့မိသားစုမှာ ပိုက်ဆံမရှိတော့တဲ့ အချိန်ရောက်ရင် သူတို့ ငါနဲ့ ထပ်ပြီး ပတ်သက်မှာမဟုတ်တော့ဘူး။"

ရဲ့ချန့်က ကိတ်မုန့်ကို တစ်ကိုက်ကိုက်လိုက်ပြီး တိတ်တိတ်သာနေနေ၏။

"ဒါပေမယ့် ငါထင်တယ်၊ အကယ်လို့များ အဲ့ဒီနေ့ ရှိလာခဲ့ရင်၊မင်းကတော့ ငါ့ကို ပုံမှန်အတိုင်း ဆက်ဆံအုံးမယ်လို့။"ချင်းလောင် ဒါကိုပြောနေချိန်မှာ သူ့မျက်လုံးတွေက စွဲမက်စရာ ယုံကြည်မှုတစ်ခုအား ဖော်ပြနေသည်။

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now