Unicode
Chapter (26.1)
နှစ်သက်မှုတိုးသွားတဲ့အသံကိုကြားလိုက်ရတော့ ချင်းလောင် 'ရီးးးး' ဆိုပြီးထအော်ပါလေရော။
"ငါသူ့ကိုအခုထိမတွေ့ရသေးဘူးလေ။ဘာလို့တိုးလာရတာတုန်း။systemရေ မင်းသူ့ကို စောင့်ကြည့်နေလား"တာဝန်ကျေလှပါသော newbie systemလေးမှ :"အဲ့ဒါမင်းရဲ့ကောင်းမွန်လှစွာသော လက်ထောက်ကြီးကြောင့်လေ။သူမက မင်းရဲ့ခင်ပွန်းဟောင်းကို လက်ထပ်ပေးဖို့အလဲအလှယ်က သူမလုပ်ဖို့အကြံပေးလိုက်တာလို့ပြောလိုက်တာ"
"အိုး ဟုတ်သား၊ငါ့ယောက္မကြီးဒီနေ့ ငါတို့ကို လာကြည့်မယ်လို့ပြောထားတာ"ချင်းလောင်သက်ပြင်း တိုးတိုးချရင်း
"သူမ သားနဲ့ချွေးမလေး တစ်ယောက်နဲ့တစ်ယောက်ချစ်ကြည်နူးနေရမယ့်အစား ကွာရှင်းလိုက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်နေကြတာကို မြင်လိုက်ရမယ်လို့ သူမမျှော်လင့်ထားမှာမဟုတ်ဘူး။သူမဝမ်းနည်းသွားမှာပဲ"ခံစားချက်မရှိတဲ့ systemမှ:"ကွာရှင်းလိုက်ပြီး သူမကိုဝမ်းနည်း အောင်လုပ်တဲ့လူကလဲ မင်းပဲလေ"
ချင်းလောင်ကသူ့အား ပြန်ခံငြင်းခြင်းမပြုဘဲ လေးလေးနက်နက်ဆိုလာ၏။
"Reality showရိုက်မယ့်နေရာက ရန်ဟန်ဇာတ်ကားရိုက်နေတဲ့မြို့နဲ့ နေရာချင်းအတူတူပဲမို့လား"ဒီတစ်ကြိမ်မှာတော့ systemက သူ့ကြက်စပ်hostတစ်ယောက်ဘာတွေ ပလန်ချနေလဲဆိုတာကို မသိတော့ပါပေ။
"တစ်မြို့ထဲပါပဲ ဒါပေမယ့် တောင်နဲ့မြောက်။မတော်တဆတောင်တွေ့ရမှာမဟုတ်ဘူး"ချင်းလာင်က အံ့အားသင့်စွာဖြင့်:"25,မင်းအရွယ်ရောက်လာပြီပဲကွ။မေးခွန်းရဲ့အဖြေတောင်သိနေပြီကျန်း"
System:"နောက်မှာ 'ဒါပေမယ့်'ဆိုတာပါသေးတယ် တွေ့လား"
ချင်းလောင်က ပိုလို့တောင်အံ့အားသင့်သွားတော့သည်။
"မင်းဘယ်လိုသိတာလဲ။ဒါပေမယ့် ငါလည်းမတော်တဆအနေနဲ့တွေ့ရမယ်လို့မပြောပါဘူးနော်။ ငါကအခုမှကွာရှင်းထားကာစလေ အဲ့တာကြောင့် ရန်ဟန်ရဲ့မျက်နှာကို အချိန်တချို့လောက် မမြင်ချင်သေးပါဘူး။သို့ပေငြား တစ်စုံတစ်ယောက်ကတော့ ငါတို့ဆုံဖို့ကူညီပေးလိမ့်မယ်။"