Unicode
Chapter (12.2)
ရဲ့ချန့်၏ ချင်းလောင်ကို ကာကွယ်မှုကြောင့် အခြားအတန်းဖော်တွေလည်း သူတို့ကိုယ်သူတို့ များစွာထိန်းချုပ်ထားကြသည်။ရဲ့ချန့်ရဲ့ရှေ့တွင် သူတို့ ချင်းလောင်အား မလှောင်ပြောင်ရဲပေမယ့် ရဲ့ချန့် ချင်းလောင်ဘေးမရှိတော့သည်နဲ့ သူတို့ရဲ့ကြမ်းတမ်းတဲ့စကားလုံးတွေ ဆက်တိုက်ဆိုသလို ထွက်လာတတ်သည်။
သူက အကြီးဆုံးသခင်လေးရဲ့ ကစားစရာဖြစ်ချင်နေတာလား။ချင်းမိသားစုရဲ့သားက ရန်သူ့မိသားစုရဲ့သားဆီ အမြှီးနှံ့ပြနေတာ ဘာအတွက်ပါလိမ့်။ထိုသို့သောစကားလုံးတွေထက် အရိုင်းစိုင်းဆုံး အရာမှာ 'အဖေချင်းက ဆုံးရှုံးမှုကို ခံနိုင်စွမ်းမရှိသဖြင့် သူ့သားကို အသုံးပြုခဲ့သည်။သူ့သားကို အကြီးဆုံးသခင်လေးရဲ့ အိပ်ယာပေါ်တတ်ဖို့ ပြောခဲ့ပြီး ဒါမှ ဖန်းမိသားစုက သူတို့ကို လွှတ်ပေးမယ့်နည်းလမ်းတစ်ချို့ရှိလာလိမ့်မည်' ဟုပင်။
လူချမ်းသာအများစုက ဒီလိုပရမ်းပတာ အခြေအနေတွေအတွက် ရှင်သန်နေထိုင်ကြမှန်း ချင်းလောင်သိနေပေမယ့်လည်း အထက်တန်းကျောင်းသားအုပ်စုရဲ့ ပါးစပ်တွေက ဒီလို ထွက်လာတာကို ကြားလိုက်ရတဲ့အခါမှာတော့ ဒီအသံတွေက နားကိုလုံးဝညစ်ညမ်းစေပေ၏။
သူရုတ်တရက်ကြီး သူကိုယ်တိုင်ရဲ့ ဆယ့်ရှစ်နှစ်အရွယ်ကို သတိရသွားမိသည်။သူဆယ့်ရှစ်နှစ်တုန်းက အလယ်က အတန်းပေါင်းများစွာကို ကျော်ခဲ့ပြီး ကောလိပ်တောင် တက်ခဲ့ပြီးဖြစ်ပေသည်။သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူနဲ့သက်တူရွယ်တူတွေကတော့ စက္ကူနဲ့ရွှေတွေ(1)၊ဝိုင်ကန်လိုက်တွေနဲ့ တောလောက်ရှိတဲ့ အသားတွေနဲ့(2) သူတို့ဘဝကို ရွှမ်းရွှမ်းစားစား နေထိုင်နေကြသည်။
[1.ဇိမ်ခံဘဝတွင်ပျော်မွေ့ခြင်း
2.သာယာမှုကိုအလွန်အကျွံ ခံစားခြင်း]အခု သူ့ကိုယ်သူပြန်စဉ်းစားကြည့်ရရင် သူသောက်ရမ်းကို ပညာရှိခဲ့တာပဲဟေ့။သူငယ်ငယ်လေးထဲက ဘယ်လို အေးစက်စက်ပုံ ဟန်ဆောင်ရမလဲဆိုတာကိုသင်ယူခဲ့သည်။ဒီလိုမှမဟုတ်ရင်တော့ သူ့ရဲ့ ကျောင်းတက်ရက်တွေတောင် စိတ်မချမ်းသာစရာကောင်းပေလိမ့်မည်။နောက်ဆုံးမှာတော့ ဘဝကြီးမှာ ဦးတည်ရာ ဆိုတာ မရှိတဲ့အတွက် တစ်ယောက်ယောက်က အလုပ်ကြိုးကြိုးစားစားမလုပ်ခင် သူ့တို့ကိုယ်သူတို့ ဘယ်လိုပျော်အောင်နေရမလဲဆိုတာကို အရင်သင်ယူရမည်ဖြစ်၏။