Unicode
Chapter 16.2
"ဖာ့ခ်!"ချင်းလောင်သူ့ကို စိုက်ကြည့်လိုက်သည်။သူ ရဲ့ချန့်ကို ထရိုက်လိုက်ချင်ပေမယ့် ကိုယ့်ခွန်အားတောင်ကိုယ် မစုစည်းနိုင်ပေ။သူ့စိတ်ကို ရှင်းရှင်းလင်းလင်းကို နားမလည်နိုင်တော့ဘူး!
"ဖာ့ခ်?" ရဲ့ချန့် သူ့မျက်လုံးတွေကိုကျဉ်းလိုက်ပြီး ချင်းလောင်ရဲ့ တစ်ကိုယ်လုံးကို အပေါ်အောက် စုံဆန်ကြည့်လိုက်ကာ ရီသွမ်းလာတော့သည်။
"မနက်ဖြန်မှာ စစ်ရေးလေ့ကျင့်မှုရှိတယ်။မင်းလည်းအခုဖျားနေတာဆိုတော့ ကိုယ်ကြောက်မိတာက မင်းလှုပ်ရှားမှုတွေကို မခံနိုင်မှာကိုပဲ။ရက်နည်းနည်းလေးလောက် ထပ်စောင့်ပါအုံး။""!!!" ချင်းလောင်ပြောစရာပျောက်ဆုံးသွားပါပြီ။
"ဝှက်သယ်ဖက်ခ်!" ချင်းလောင်က systemအား ရယ်သွမ်းလိုက်သည်။"ချန့်ချန့် 666!သူက အရမ်းကြမ်းတာပဲ။ဒီအိပ်ဆောင်ထဲမှာတင် သူငါ့ကို r*pe ဖို့ဖြစ်နိုင်ခြေများတယ်လို့ ငါထင်တယ်။"
Systemက အမူအရာကင်းမဲ့စွာဖြင့်:
"ငါမကြားရဘူးလို့ မထင်နဲ့နော်၊မင်းတကယ်ကြီးကို တက်ကြွနေတာပဲ!""အိုး၊ငါနောက်နေတာမဟုတ်ဘူးနော်။သူငါ့ကို ဒီထဲမှာတင် လုပ်တော့မယ်လို့ ငါတကယ်ထင်တယ်!"
________ချင်းလောင်ဒေါသတကြီးဖြင့် အိပ်ယာပေါ်တက်ပြီး ရဲ့ချန့်ကိုကျောပေးလျက် လှဲလျောင်းလိုက်၏။ထို့နောက်တော့ သူ systemနဲ့ဆက်ပြီး တော်ကီဆက်ပစ်သည်။
"ငါဒီအကြောင်းကိုတွေးကြည့်ပြီးပြီ။ငါခံစားရတော့ ငါတွေးထားသလိုပဲ သူဒီည ငါ့ကို ရုတ်တရက်ကြီးထနမ်းတာက သူလှုံ့ဆော်ခံလိုက်ရတာပဲ။"System:"ဘာက သူ့ကိုလှုံ့ဆော်သွားရပြန်တာလဲ။အပူရှပ်ပြီး သေတော့မလိုဖြစ်နေတဲ့ မင်းကသွားလှုံ့ဆော်တာလား။"
"မဟုတ်ပါဘူးလေ။မင်း ဆေးပေးခန်းထဲက ရှောင်အိုက်ကို မှတ်မိလား။သူပြောခဲ့တာက ငါ့လိုလူမျိုးက မမတွေအများကြီး သဘောကျလိမ့်မယ် လို့လေ။ချန့်ချန့် ဒီဟာကိုကြားသွားပြီး ဒေါသထွက်သွားတာပဲဖြစ်ရမယ်။ဒါကြောင့် ငါတို့ပြန်လာတဲ့အချိန် သူငါ့ကို သူ့ရဲ့ကောင်လေးဖြစ်ပေးဖို့ပြောပြီး ငါ့ကိုနမ်းခဲ့တာလေ။ရက်အနည်းငယ်အတွင်း ငါသူ့ကို နည်းနည်းလောက်ဆွပေးလိုက်တာနဲ့ သူကျိန်းသေငါ့ကို လုပ်လိမ့်မယ်။"