Unicode
Chapter (29.2)
ချင်းလောင်တစ်ယောက် ရနံ့တစ်ခု၏ဆွဲဆောင်မှုကြောင့်နိုးထလာရသည်။သူတစ်နေ့လုံးဘာမှမစားရသေးတဲ့အတွက် သူဗိုက်ဆာနေပြီ။
"အမေ?" ချင်းလောင်မျက်လုံးတွေဖွင့်လိုက်တဲ့အခါမှာတော့ ဆေးရုံကုတင်ရဲ့ဘေး၌ အလုပ်များနေရှာသော ရန်ဟန့်ရဲ့ အမေကိုတွေ့ပေသည်။သူခေါ်လိုက်တဲ့ပုံက မှားသွားမှန်းချင်းလောင်နားလည်လိုက်သည်။ထို့ကြောင့်သူ့ရဲ့စကားလုံးအား ပြောင်းလဲလိုက်သည်:
"အန်တီ"မူလ၌ပြုံးနေတဲ့ အမေရန်က ထိုခဏမှာတော့ သူမအပြုံးတွေအေးခဲသွားရသည်။သူမက စားစရာတွေကိုချလိုက်ရင်း ချင်းလောင်ကိုပြောလိုက်၏။
"အမေကတော့ သားရဲ့ 'အမေ'လို့ခေါ်သံကို ကြားချင်နေတုန်းပဲ""...." ချင်းလောင်က သူမအားပြန်မဖြေပါပေ။
"ဘာလို့ဒီကိုရောက်လာတာလဲဟင်။ရန်...မစ္စတာရန်ပြောလို့လား""မဟုတ်ပါဘူး..."သူမက ချင်းလောင်အားထိုင်ဖို့ကူပေးလိုက်ပြီး ချင်းလောင်ရဲ့လက်ထဲကို ဇွန်းထည့်ပေးလိုက်၏။
"အရင်စားလိုက်ကြရအောင်။အမေဒီကို ပရိုဂရမ်အသင်းဆီက သတင်းကြားပြီးပြီးချင်းရောက်လာတာ။ကံကောင်းပေလို့ မင်းအဆင်ပြေနေတာ။နောက်ဆိုသတိထားပါကွယ်၊မင်းကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်လေ သိရဲ့လား""အမ်း၊ကျေးဇူးပါ" ချင်းလောင်သူ့ခေါင်းကို ငုံ့ထားရင်းပဲ စွပ်ပြုတ်သောက်နေပြီး စကားပြောတာကိုရပ်ကာ အစားကို ဖြည်းဖြည်းချင်းစားနေလိုက်သည်။
အမျိုးသမီးကလည်း စကားဘယ်လိုပြောရမလဲဆိုတာကို ဝန်လေးနေသကဲ့သို့ သူ့ဘေးနားထိုင်နေ၏။သူမက ချင်းလောင်စားသောက်ပြီးတာကို စောင့်နေရင်း တုံ့ဆိုင်းနေခဲ့သည်။
ချင်းလောင် system ကိုမေးလိုက်သည်။
"ငါ့ယောက်ျားဘယ်ရောက်နေလဲ။သူပြန်လာပြီလား"System မှ "မင်းဘယ်သူ့ကို ယောက်ျားလို့ထပ်ခေါ်နေသေးတာလဲ။သူအခုထိပြန်မရောက်သေးဘူး၊တိတ်တိတ်လေးပါးစပ်ပိတ်နေပြီး စိတ်ထဲကနေ မိနစ်တွေထိုင်ရေနေလိုက်"