Chapter (13.2)

2.8K 503 12
                                    

Unicode

Chapter (13.2)

ရဲ့ချန့်သူ့ကို လွှတ်ပေးလိုက်ပေမယ့် သူ့ခန္ဓာကိုယ်ကို တော့ ဆက်ထွေးပွေ့ထားဆဲပင်။ချင်းလောင်ကို မျက်နှာချင်းဆိုင် တည့်တည့် ကြည့်လိုက်ပြီး သူ့ကို ပုန်းကွယ်ဖို့ အခွင့်အရေးလေးတောင်မပေးခဲ့ပါချေ။

ရဲ့ချန့်ရဲ့ အနမ်းကြောင့် ချင်းလောင်ရဲ့မျက်လုံးထဲ မြူခိုးအနည်းငယ်ရီဝေနေခဲ့သည်။သူမျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာတော့ သိသာလှတဲ့ မကျေနပ်မှုလေးတစ်ခုရှိနေခဲ့၏။သူက အချစ်တွေနဲ့ပြည့်နှက်နေတဲ့ ရဲ့ချန့်ရဲ့ ပကတိမျက်လုံးတွေကို ကြည့်လိုက်ရင်း ချက်ချင်းကို ရှက်သွေးဖြာသွားရသည်။ထို့နောက်မှာတော့ သူမထိန်းနိုင်ပဲ စိတ်လှုပ်ရှားစွာ တံထွေးမြိုချမိသည်။

သူ့အောက်မှာရှိနေတဲ့လူက ရိုးရှင်းတဲ့ လှုပ်ရှားမှုလေးတစ်ခုပဲ လုပ်လိုက်တာဖြစ်ပေမယ့် သူ ထပ်ပြီး တုံ့ပြန်လာမှန်း(မာ) ရဲ့ချန့် သူ့ကိုယ်သူသိလိုက်သည်။

သူ ချောင်းဖွဖွဟန့်လိုက်ပြီး အသံတိုးတိုးဖြင့်မေးလိုက်သည်။
"နာနေသေးတာလား?မင်း မသက်မသာဖြစ်နေတာလား?မင်းဗိုက်ဆာနေပြီလား။"

"..."ချင်းလောင် ရဲ့ချန့်ရဲ့မျက်လုံးတွေကို စေ့စေ့မကြည့်ရဲပါပေ။ထိုမျက်လုံးတွေက အခုအချိန်မှာ အလွန်ကို ပူလောင်ပြင်းပြနေပေသည်။သူက အိပ်ယာခင်းကို လက်တွေနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ကွဲအက်နေတဲ့ အသံဖြင့်ပြောလိုက်သည်။
"ငါ...ငါအိမ်ပြန်ရမယ်.."

ရဲ့ချန့်က ချင်းလောင်ကို အိပ်ယာမှထလို့ မရအောင် သူ့ရဲ့ ပုခုံးတွေကို ဆုပ်ကိုင်လိုက်ထားလိုက်သည်။သူက သိပ်ပြီး မရွေ့ရှားခဲ့ပေမယ့် အရမ်းသန်နေဆဲပင် ဖြစ်၏။သူ့ရဲ့အသံကလည်း ငြင်သာနေပေမယ့် အင်အားအပြည့်ဖြင့်ပင်:"မ‌လှုပ်နဲ့!ကောင်းကောင်းနေနော်၊လိမ္မာစမ်းပါကွာ။မင်း နားလို့ပြီးသွားမှ အိမ်ပြန်လေနော်"

ချင်းလောင်မျက်နှာ နောက်တစ်ကြိမ် ပူလောင်သွားရပြီး သူ့အကြည့်‌တွေကို အဝေးသို့ပြောင်းလိုက်ရ၏။သူ သူ့ကိုထပ်ပြီး မကြည့်ရဲတော့သလို သူနဲ့လဲစကားမပြောရဲတော့ပါပေ။

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now