Unicode
Chapter (6.1)
ရဲ့ချန့်က ဘာမှမပြောပဲ ချင်းလောင်အား ဆက်ပြီးကြည့်နေသည်။
သူက စကားပြောရတာသိပ်ပြီး မခက်ဘူးလို့ ခံစားလိုက်ရတဲ့အတွက် ချင်းလောင်က ရိုးရိုးရှင်းရှင်းပင် ကရားရေလွှတ်ပြောတော့သည်။"အမှန်တော့ ငါမင်းကို ပထမဆုံးစတွေ့တုန်းတော့ ဘာမှမခံစားရဘူး။အဆင့်တွေကောင်းတယ်၊ကြည့်လည်းကောင်းတယ် အဲ့ဒါကြောင့် နည်းနည်း မနာလိုဖြစ်မိရုံပါ။မင်းဘေးမှာထိုင်ရတာက ငါ့ကို....ငါ့ကို နည်းနည်းရှက်ဖို့ကောင်းတယ်လို့ ခံစားစေရတယ်.....။မင်းကို မျက်လုံးထဲမှာ သိပ်မကြည်ခဲ့ပေမယ့် မင်းကို ဘာမှလည်းလုပ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။
"အဲ့နောက်တော့ မင်းလည်းသိပါတယ်။ငါ ဟန်ဟန့်ကို သဘောကျခဲ့တယ်။"
စာပွဲထိုးက စတိတ်ခ်ကိုယူလာပြီး ချပေးလိုက်သည်။ချင်းလောင်က စတိတ်ခ်ကို ခက်ရင်းဖြင့် ထိုးနေလိုက်သည်။သူ့ရဲ့ချန့်ကို တည့်တည့် မကြည့်ရဲပါပေ။"သူက အတန်းထဲမှာရှိတဲ့ ကောင်လေးတွေအားလုံးကို ပုံမှန်ပဲဆက်ဆံပေမယ့် မင်းကိုတော့ မတူဘူးလေ။အဲ့ဒါကြောင့် ပိုပြီး မင်းကို မနာလိုဖြစ်မိသွားတာ....အဲ့ဒါနဲ့ပဲ မင်းအပေါ် မကောင်းတာတွေလုပ်ခဲ့မိတယ်။"ချင်းလောင်က သူ့ရဲ့ခက်ရင်းကို ရပ်လိုက်ပြီး နှိမ့်ချတဲ့ အပြုံးတစ်ခုနှင့် ရဲ့ချန့်ရဲ့ အနက်ရောင်မျက်ဝန်းတွေကို ကြည့်လိုက်သည်။"အခုအဲ့အကြောင်းတွေကို ပြန်တွေးမိတော့ ငါတကယ်ကို နုံအခဲ့ပါလားလို့ခံစားရတယ်။မင်းကိုငါ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ငါ့ကိုမုန်းတဲ့လူတွေကနေ ကြည့်တဲ့အကြည့်တွေကို ငါမပြောင်းလဲနိုင်သေးဘူး။ဒါနဲ့ပဲ အဓိကကျတဲ့မေးခွန်းအတွက် လှည့်စားထားတဲ့ ပျော်ရွှင်မှုတစ်ခုကို မင်းဆီမှာရှာခဲ့တယ်။မင်းက ဘာအမှားမှမလုပ်ခဲ့ပါဘူး။ငါ့ဘေးမှာထိုင်လိုက်ရတာကိုက ကံမကောင်းခဲ့တာ။ငါသဘောကျတဲ့မိန်းကလေးဆီက ထူးထူးခြားဆက်ဆံခံနေရတာကကို ကံမကောင်းခဲ့တာ။မှားတဲ့လူက ငါပါ။အဲ့ဒါကြောင့်အခု ငါမင်းကို တောင်းပန်ပါတယ်။ငါတကယ်ကို စိတ်မကောင်းပါဘူး။"