Chapter (15.2)

2.6K 505 4
                                    

Unicode

Chapter 15.2

"ဒီလိုဖြစ်ရတာက ငါ့မိသားစု ချန့်ချန့် ငါ့ကို လျှောက်ပတ်ပြေးရအောင်လုပ်ထားလို့လေ။သူငါ့ကိုသာ မကစားခဲ့ဘူးဆိုရင် ဒီလို အပူဆုံးအချိန်ဖြစ်တဲ့ နေခင်းကြောင်တောင်ကြီး တက္ကသိုလ်ဝန်းထဲ လှည့်ပတ်ပြေးနေစရာ ဘယ်လိုပါ့မလဲ။သူဒါကိုမမြင်လိုက်ရပဲ ငါ့ဘာသာငါ ပြန်ကောင်းအောင် ဘယ်လိုလုပ်လုပ်နိုင်ပါ့မလဲ။"

Systemမှာ ကြေကွဲသွားရသည်။သူသိတယ် သူစိတ်မကောင်း မဖြစ်လိုက်သင့်ဘူး။ ဒီကြက်စပ် hostက သွားကိုသေလိုက်ရမှာ!

"ဘာဖြစ်ဖြစ် ငါ့အတွက်တွေးပေးလို့ ကျေးဇူးပဲနော် မွ!" ချင်‌လောင်ပြုံးလိုက်သည်။

"ဟမ့်!"

"ဝူးး ဝူးး ဝူးး ကြီးမြတ်တဲ့ host၊မင်းတကယ်ပဲ ငါ့အကိုနဲ့ အတူရှိနေတာပဲ...ဝူး ဝူး ဝူး။မင်းငါ့အကိုကို ကြိုက်လို့မရဘူးနော်၊သူက ငါ့ဟာလို့!"

ချင်းလောင် သူ့နဖူးကိုကိုင်လိုက်မိသည်။အာ sorry သူ့မှာ နောက် systemတစ်ခုရှိသေးမှန်းမေ့သွားတယ်:

"zerozero မငိုပါနဲ့ကွာ။အောက်ပုဂ္ဂိုလ်နှစ်ယောက်အတွက် အနာဂတ်ဆိုတာ မရှိဘူးဆိုတာ မင်းကြားဘူးလား။ငါနဲ့ မင်းအကိုက လုံးဝကြီးကို မဖြစ်နိုင်ပါဘူးကွာ အဲ့ဒါကြောင့်မင်း စိတ်ချလက်ချသာနေ ဟုတ်ပြီလား။ငါတို့ကြားမှာ ပလက်စတစ်လို ရင်းနှီးမှုပဲရှိတယ်။မင်းအကိုက မင်းဟာပါပဲကွာ။"

"ဟမ့်!"

"..."လူတစ်ယောက်နဲ့ systemနှစ်ခု၊ သောက်ရမ်းပင်ပန်းဖို့ကောင်းလိုက်တာ။

ချင်းလောင် ရေချိုးပြီး ထွက်လာချိန်မှာတော့ အခန်းထဲမှာ ရဲ့ချန့်ရှိမနေတော့ပေ။သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း တစ်ခုခုစားဖို့အောက်ထပ်ကို ဆင်းလိုက်၏။သူအပူရှပ်နေမှန်း သိတဲ့အတွက် ရင်ပြည့်စေမယ့်အစားအစာတွေကိုတော့ သိပ်မစားခဲ့ပေ။

စားသောက်ပြီးတဲ့နောက်မှာတော့ နေစဉ်သုံးပစ္စည်းအချို့ သွားဝယ်ခဲ့သည်။သူပြန်လာတဲ့ အချိန်မှာတော့ အိတ်ကြီးအိတ်ငယ် အပြည့်ပါလာခဲ့ပေသည်။

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now